ဟယ်ရီကိန်းကို ထပ်မံခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ ဆန်ချိုနဲ့ ဗာရာနီတို့အတွက် ပေါင်သန်း ၁၀၀ ကျော်အသုံးပြုထားကာ ခေါ်ယူထားပြီး ပရိးမိးယားလိဂ်အဖွင့်ပွဲ ၂ပွဲမှာတော့ ၄ မှတ်ရရှိထားခဲ့ပါတယ်။ 


အမှတ်ပေးဖလားကိုရယူဖို့အတွက်ဆိုရင် ဆန်ချိုနဲ့ ဗာရာနီကိုခေါ်ယူရုံနဲ့ မလုံလောက်ဘဲ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကိုပါ ခေါ်ယူရလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ဆန်ချိုနဲ့ ဗာရာနီတို့အတွက် ပေါင်သန်း ၁၀၀ ကျော်အသုံးပြုထားကာ ခေါ်ယူထားပြီး ပရိးမိးယားလိဂ်အဖွင့်ပွဲ ၂ပွဲမှာတော့ ၄ မှတ်ရရှိထားခဲ့ပါတယ်။ 

ဟယ်ရီကိန်းကတော့ စပါးကထွက်ခွာချင်နေသူဖြစ်ပြီး သူ့ရဲ့တန်ဖိုးဟာ ပေါင်သန်း ၁၅၀ အထိ ရှိနေပါတယ်။ မန်စီးတီးကလည်း ကိန်းကို ခေါ်ယူဖို့ကြိုးစားနေပြီး ပေါင် ၇၅သန်း + အပိုဆုကြေး ပေါင် ၂၅သန်းနဲ့ ကမ်းလှမ်းမှုကို စပါးကငြင်းဆန်ထားခဲ့ပါတယ်။ နဗီးလ်ကတော့ ယူနိုက်တက်ဟာ ကိန်းကိုခေါ်ယူမှသာ အမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Sky Sports Monday Night Football မှာ နဗီးလ်က "ကျွန်တော့်စိတ်ထဲခံစားနေရတာကတော့ ဆန်ချိုနဲ့ ဗာရာနီက ဗန်ဒိုက်နဲ့အယ်လစ်ဆန်တို့ လီဗာပူးလ်ကို ၉၅ မှတ်နဲ့ ဗိုလ်စွဲစေခဲ့တုန်းကလိုမျိုးနဲ့ တူညီမှာမဟုတ်ဘူးဆိုတာပါပဲ၊ ချယ်လ်ဆီးက လူကာကူကြောင့် ပိုတောင့်တင်းသွားပြီး မန်စီးတီးက ဂရီလစ်ရှ်ကိုခေါ်ထားပါတယ်၊ သူတို့ ကိန်းကိုသာရသွားရင် ဒါက ယူနိုက်တက်အတွက် ကြီးမားတဲ့ပြသနာကြီးတစ်ခုဖြစ်လာမှာပါ"

"ယူနိုက်တက်က စျေးကွက်ထဲမှာ ဘာလို့နောက်ထပ်မလှုပ်ရှားတော့တာလဲ ကျွန်တော်မသိဘူး၊ သမိုင်းအစဉ်အလာအရ သူတို့က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအင်္ဂလိပ်ကစားသမားတွေကို ခေါ်ယူဖူးတယ်၊ မာရှယ်၊ ဂျိမ်းစ်နဲ့ လင်ဂတ်တို့ကို သူတို့ရောင်းချနိုင်ပါတယ်၊ ဘာလို့ ကိန်းအတွက် မလှုပ်ရှားတာလဲ၊ တကယ်လို့ သူ ရောက်လာမယ်ဆိုရင် ယူနိုက်တက်က ၉၄ မှတ်၊ ၉၅ မှတ်တော့ရမှာပဲ၊ ကာဗာနီ နဲ့ မာရှယ်နေရာကို သူတို့အစားထိုးဖို့လိုနေဆဲပါ၊ မာရှယ်က အားကိုးမရပါဘူး၊ သူတို့ ဆန်ချို၊ ဗာရာနီနဲ့ပဲ အမှတ်ပေးဖလားရနိုင်မလား ကျွန်တော်မသိဘူး"

"နံပါတ် ၁ ဖြစ်ဖို့၊ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့က ကြီးမားတဲ့မျှော်လင့်ချက်ပါ၊ သူတို့တွေ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်၊ ခုဆို စီးတိးက ကိန်းကိုရသွားရင်၊ ချယ်လ်ဆီးက လူကာကူကို ခေါ်ယူပြီးပြီ၊ လီဗာပူးလ်ကလည်း ဗန်ဒိုက်ပြန်လာနေပြီ၊ သူတို့ ကွဲပြားမှုတစ်ခုခုတော့လုပ်ပြဖို့လိုနေပါတယ်၊ တခြားအသင်းမှာကစားသမားကောင်းတွေရှိရင် သူတို့တုံ့ပြန်ရမှာပါ၊ ယူနိုက်တက်က ဒီရာသီမှာ တိုးတက်လာနိုင်သလို အဆင့် ၂ ကနေ ၄ကိုလည်းရောက်သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ အခြားအသင်းတွေက ရှေ့ဆက်ဖို့လုပ်နေလို့ပါ" လို့ နဗီးလ်ကပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က