ပေါ်တူဂီကစာသမားဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ အက်ဖ်အေဖလားတို့ကို မန်စီးတီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။
မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အီတလီကလပ်အေစီမီလန်ကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထောက် Ekrem Konur က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဖော်ပြမှုကို ကိုးကားပြီး Sport Bilble က ဖော်ပြခဲ့ရာမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းဖို့သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
နွေရာသီစျေးကွက်မပိတ်သိမ်းခင်မှာပဲ အားလုံးကိုအပြီးသတ်လုပ်ဆောင်နိုင်မယ်လို့လည်း နှစ်ဖက်စလုံးက ယုံကြည်နေကြောင်းလည်း သိရပါတယ်။ ၂၀၁၇ မှာ မိုနာကိုကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီကစာသမားဟာ ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ အက်ဖ်အေဖလားတို့ကို မန်စီးတီးနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ ပုံမှန်ကစားခွင့်ဆုံးရှုံးနေပြီး အသင်းကနေထွက်ခွာဖို့အတွက် ကစားသမားကိုယ်တိုင်က ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာအပါအဝင် ဥရောပကလပ်အများအပြားက စိတ်ဝင်စားခဲ့ကြပြီး အေစီမီလန်က လက်ဦးမှုရယူခဲ့ဖွယ်ရှိပါတယ်။ အေစီမီလန်ဟာ ချယ်လ်ဆီးတိုက်စစ်မှူးဂီရော့ဒ်ကိုလည်း ဒီရာသီသစ်မှာမှ ခေါ်ယူထားတဲ့ အသင်းဖြစ်ပါတယ်။
ဆေးလ်ဗားရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက "သူက ကျွန်တော်တို့ ကစားသမားပါ၊ ဘာနာဒိုမှမဟုတ်ပါဘူး၊ အသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမား ၃၊ ၄ ဦးလောက်အထိ ရှိပါတယ်၊ ဒါပေမယ့်လည်း သူတို့က စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်၊ ကမ်းလှမ်းမှုတစ်ချို့ကို ယူဆောင်ပြီး သူတို့ရဲ့အေးဂျင့်တွေ ဒီကိုလာခဲ့မယ်၊ သူတို့ကလည်း ထွက်ခွာချင်တယ်ဆိုရင် ဆွေးနွေးဖို့အတွက် တံခါးဖွင့်ထားမှာပါ" လို့ ပြောဆိုခဲ့ဖူးပါတယ်။