ယူရိုသန်း ၁၆၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ကစားသမားနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ရာသီကုန်မှာအလွတ်ထွက်ခွာခွင့်ပေးရမယ့် အန္တရာယ်က ပြင်သစ်ကလပ်အတွက်တော့ ဘေးကျပ်နံကျပ်အခြေအနေကို ဆိုက်ရောက်နေရတာဖြစ်ပါတယ်။ 


ကိုင်လီယန်ဘတ်ပီကို ခေါ်မလိုလို၊ခေါ်မလိုလိုနဲ့ ဟန်ပြင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူးကို ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဟာ ယူရိုသန်း ၁၆၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပြီး စျေးကွက်မပိတ်သိမ်းခင် တစ်ပတ်အလိုမှာပဲ သူတို့ရဲ့အဓိကပစ်မှတ်အတွက် လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။

ဘတ်ပီကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားပြီး ပီအက်စ်ဂျီကတေ့ာ ရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ရာသီကုန်မှာအလွတ်ထွက်ခွာခွင့်ပေးရမယ့် အန္တရာယ်က ပြင်သစ်ကလပ်အတွက်တော့ ဘေးကျပ်နံကျပ်အခြေအနေကို ဆိုက်ရောက်နေရတာဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ အသင်းနဲ့စာချုပ်သစ်မချုပ်ခဲ့ဘူးဆိုရင် လာမယ့်ဇန်နဝါရီမှာ ရီးရဲလ်က အကြိုသဘောတူညီမှုရအောင် တရားဝင်ဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။ ပီအက်စ်ဂျီကတေ့ာ အသင်းကို မက်ဆီနဲ့ ရာမို့စ်တို့ရောက်ရှိလာခဲ့ချိန်မှာ ဘတ်ပီစိတ်ပြောင်းလဲသွားမယ်လို့ ထင်မှတ်ခဲ့ပေမယ့် ကစားသမားကတော့ အသင်းကထွက်ခွာဖို့ကိုသာ အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။ 


ရီးရဲလ်နည်းပြအန်ဆယ်လော့တီကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ဘတ်ပီနဲ့ပတ်သက်ပြီး "သူရောက်လာမလား ကျွန်တော်မသိဘူး၊ ဘာတွေဖြစ်နေနေ ကျွန်တော်ဂရုမစိုက်ဘူး၊ ကျွန်တော့်မှာ အရမ်းကောင်းတဲ့၊ အရမ်းတောင့်တင်းတဲ့ လူစာရင်းရှိနေပါတယ်၊ သူတို့က ကျွန်တော့်ကို အများကြီးပျော်ရွှင်မှုပေးနိုင်ပါတယ၊ ဒီအပေါ်ပဲ ကျွန်တော်အာရုံစိုက်ပါတယ်၊ စျေးကွက်ပိတ်ဖို့ ၁၀ ရက်လောက်လိုသေးတော့ စောင့်ကြည့်ရမှာပေါ့၊ အခုတော့ ကျွန်တော့်မှာရှိတဲ့ လူစာရင်းအပေါ်ပဲ အာရုံစိုက်ပါတယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က