ကွင်းလယ်ဒိုင်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ဆုဖလားအတွက် အဆုံးအဖြတ်ပွဲလို့ဆိုရမယ့် မန်စီးတီး-လီဗာပူးလ်ပွဲက တဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး ပွဲအစီအစဉ်သုံးသပ်သူ ကာရေဂါက ဒီပွဲဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အကောင်းဆုံးပွဲတပွဲဖြစ်တယ်လို့တောင် ညွှန်းဆိုသွားခဲ့ပါတယ်။ အကြိတ်အနယ်ရှိပြီး ကစားပုံ၊ကစားကွက်တွေကအစ အဆင့်အတန်းရှိမှုကို ထုတ်ဖော်ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီလိုပွဲကြီးပွဲကောင်းတခုမှာ ကွင်းလယ်ဒိုင်အန်သိုနီတေလာကတော့ အမှားတွေလုပ်ခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အသက် ၄၃ နှစ်အရွယ်​ တေလာဟာ အခုလိုမျိုး ပွဲကြီးပွဲကောင်းတွေကို သိပ်ကိုင်တွယ်ဖူးသူမဟုတ်ဘူးလို့ သိရပြီး ဒီပွဲကတော့ သူ့အတွက် အမှတ်တရကောင်းတွေ အများကြီးကျန်နေရစ်တော့မှာဖြစ်ပါတယ်။ 

ပရိသတ်တွေကတော့ ပွဲကစားချိန် ၈၂ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကို ဖာဘင်ဟိုကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောမှာ အနီကတ်ပြသခဲ့သင့်ပေမယ့် အဝါကတ်သာပြသခဲ့တဲ့အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါဖြစ်ရပ်အပြီး သိပ်မကြခင်မှာ ကီဗင်ဒီဘရိုင်းကို သီယာဂိုရဲ့ ဖျက်ထုတ်မှုအတွက် နောက်ထပ်အဝါမပြသခဲ့ဘဲ ပြစ်ဒဏ်ဘောတောင်မပေးခဲ့တာက ဘာသဘောလဲလို့ မေးမြန်းနေခဲ့ကြပါတယ်။ 

အနှေးပြကွက်တွေအရ လီဗာပူးလ်ကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားတွေကို ဖျက်ထုတ်မှုမှာ ကြမ်းတမ်းမှုတွေရှိနေခဲ့ပြီး အနည်းဆုံးတော့ အနီကတ်တကတ်ထိခဲ့သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဖာဘင်ဟိုက နောက်ကနေ နင်းခဲ့တာဖြစ်သလို သီယာဂိုကလည်း အခန့်မသင့်ရင် ဒီဘရိုင်းရဲ့ ညာခြေထောက် ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားစေနိုင်တဲ့ ဖျက်ထုတ်မှုမျိုးကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ 


တကယ်လို့သာ အဆိုပါအချိန်တွေမှာ လီဗာပူးလ်တို့ တယောက်လျော့ခဲ့မယ်ဆိုရင် ပွဲရလဒ်ကလည်း ပြောင်းလဲသွားနိုင်ဖွယ်ရာရှိပါတယ်။ ဒီအတွက် အနီကတ်မပြခဲ့တဲ့အပေါ် မန်စီးတီးပရိသတ်တွေက ဒေါသထွက်နေခဲ့ပြီး လီဗာပူးလ်ကံကောင်းခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က