ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပထမဆုံးတွေ့ဆုံခဲ့တုန်းက အကြောင်းလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

နီမန်ညာ ဗီဒစ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့အကြောင်းကို အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆားဘီးယားဂန္တဝင် နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလမှာ ပေါင် ၇ သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပါးတပ် မော်စကိုကနေ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

 

ဗီဒစ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ၈ နှစ်ခွဲကာလကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကို အထင်ကြီးဖွယ်ကောင်းလောက်အောင် ၅ ကြိမ်အထိ ရရှိခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

 

တစ်ဦးချင်းအပိုင်းမှာလည်း ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစာသးမားဆုကို ၂ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပြီး အင်္ဂလန်ထိပ်တန်းလိဂ်မှာ ကစားခဲ့ဖူးသမျှ အကောင်းဆုံးဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

 

ဗီဒစ်က မကြာသေးမီက မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့အတူ အကြောင်းအရာအများအပြားကို ဆွေးနွေးခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ ပထမဆုံးတွေ့ဆုံခဲ့တုန်းက အကြောင်းလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

 


နီမန်ညာ ဗီဒစ်က မန်ချက်စတာယူနိုက်တက်နဲ့ လက်မှတ်ထိုးဖို့အတွက် ရောက်ရှိလာခဲ့ချိန်မှာ ဖာဂူဆန်က ၎င်းရဲ့ ခရီးဆောင်အိတ်တွေကို သယ်ဆောင်ပေးခဲ့တဲ့အကြောင်းနဲ့ စပါးတပ် မော်စကိုမှာ ရနေတဲ့ လစာထက် ပိုမိုနည်းပါးတဲ့ ပမာဏနဲ့ စာချုပ်ချုပ်ဖို့ သဘောတူခဲ့တဲ့အကြောင်း ပြောကြားခဲ့ပြီးနောက် အားပါးတရ ရယ်မောခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်ခံစစ်တံတိုင်းကြီးဖြစ်ခဲ့တဲ့ ဗီဒစ်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့တာဟာ ငွေကြေးထက် ပိုခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဆာအဲလက်စ် ဖာဂူဆန်က စောင့်ဆိုင်းနေခဲ့တယ်။ ခရီးစဉ်တလျှောက်လုံး သူ ရှိနေခဲ့တယ်။ ပထမဆုံး ကျွန်တော်တို့ ဟိုတယ်ကို ကစားသမားတွေနဲ့ တွေ့ဖို့သွားခဲ့တယ်။ ခင်ဗျား မှတ်မိသေးမယ်ဆိုရင် ကျွန်တော် ညစာစားတဲ့အချိန်မှာ အဲဒီမှာ ရှိနေခဲ့တယ်မလား။ ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လူးဝစ္စ ဆာဟာတို့နဲ့အတူ စားပွဲမှာ ထိုင်နေခဲ့တယ်။ ပြီးတဲ့နောက်မှာ ဖာဂီက ကျွန်တော်တို့ကို ဟိုတယ်ကို ခေါ်သွားခဲ့တယ်။ တခြားဟိုတယ်ပါ။ ကျွန်တော်တို့ ဟိုတယ်တစ်ခုတည်းမှာ အတူတူမနေခဲ့ဘူး။ သူ ကျွန်တော်တို့ကို တခြားဟိုတယ်ကို ခေါ်သွားခဲ့တယ်။ သူက ကျွန်တော့်အိတ်ကို တကယ်ကို သယ်ပေးခဲ့တယ်။ ကျွန်တော် အံ့အားတကြီးနဲ့ ဝိုးဆိုပြီး ပြောခဲ့တယ်။ ကျွန်တော့်ရဲ့ အိတ်တွေကို သယ်ပေးပြီး ကားနောက်ထဲမှာ ထားပေးတယ်။ ဒါက အံ့အားသင့်စရာကောင်းတယ်လို့ ကျွန်တော် ပြောရမယ်။ ဒါက ကျွန်တော် ခင်ဗျားတို့ကို ပြောရမယ့် ဇာတ်လမ်းပဲ။ ခင်ဗျား သိတယ်မလား။ ပြီးတဲ့နောက် နောက်နေ့မှာ သူ ကျွန်တော်တို့ကို လေဆိပ်ကို ခေါ်သွားခဲ့ပြီး နောက်ထပ်တစ်ကြိမ် ကျွန်တော့်အိတ်ကို သယ်ပေးတယ်။ ကျွန်တော်တို့ကို လေဆိပ်ခေါ်သွားတယ်။ ကျွန်တော်က လေယာဉ်ပေါ်မှာ ရှိနေခဲ့ပြီး ပြူတင်းပေါက်ကနေတဆင့် ကြည့်နေခဲ့ပြီး ဝိုး ကိုယ့်လူ။ ငါတော့ မန်ယူနိုက်တက်အတွက် ကစားပေးရတော့မယ်ဆိုပြီး ပြောမိတယ်။ကျွန်တော် ဖာဂီ ကျွန်တော့်အိတ်တွေကိုသယ်ပြီး နောက်ကနေ လိုက်လာခဲ့တဲ့အကြောင်းကို တွေးနေခဲ့မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် တွေးခဲ့မိတာက ဝိုး ငါ စပါးတပ် မော်စကိုမှာတုန်းက ရခဲ့တဲ့ ပိုက်ဆံထက် ပိုနည်းတဲ့ပိုက်ဆံနဲ့ လက်မှတ်ထိုးခဲ့တာပဲဆိုတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က