လက်ရှိအချိန်ထိတော့ တန်ဟက်ခ်အတွက် ကာရင်တန်က သာယာအဆင်ပြေနေဆဲပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ လေ့ကျင့်ခန်းအစီအစဥ်တွေအတွက် မနက် (၉) နာရီအရောက်လာဖို့ ကစားသမားတွေကို ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။ ဒါဟာ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ရဲ့ သံမဏိစည်းကမ်းတွေထဲကတခုအပါအဝင်ဖြစ်ခဲ့ပါတယ်။



အခု တန်ဟက်ခ်က သူ့လက်ထက်မှာ ဒီစည်းကမ်းကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး ဒီအတွက် လက်ထောက်နည်းပြ မက္ကလာရင်က အားဖြည့်ပေးခဲ့တယ်လို့ သိရပါတယ်။ လက်ထောက်နည်းပြ မက္ကလာရင်ဟာ ကာရင်တန်ကို မနက် (၇) နာရီ (၄၅) မိနစ်မှာ ရောက်လာပြီး တန်ဟက်ခ်ကတော့ မနက် (၈) နာရီမှာ လာရောက်ခဲ့ကြပါတယ်။ ယူနိုက်တက်ကစားသမားတွေကလည်း တန်ဟက်ခ်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ ပျော်မွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ကစားသမားအချို့ဟာ မနက် (၉) နာရီမထိုးခင်တည်းက ကာရင်တန်ကိုရောက်ရှိနေပြီး ညနေ (၄) နာရီနောက်ပိုင်းမှသာ အိမ်ပြန်ခဲ့ကြပါတယ်။ တန်ဟက်ခ်ဟာ ကစားသမားတွေကို အတူတကွ စားသောက်ဖို့၊ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ကာရင်တန်သတင်းရင်းမြစ်က “တကယ်ကို ခွန်အားအပြည့်ရခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဥ်ပါပဲ”

“လူတိုင်း ဒါမျိုးဖြစ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အဲရစ် (တန်ဟက်ခ်) က လေ့ကျင့်ရေးကွင်းထဲမှာ ကစားသမားတွေကို အော်ဟစ်မောင်းနှင်နေခဲ့ပြီး နေ့လယ်ပိုင်းလေ့ကျင့်ခန်းမစခင်မှာလည်း လူအများအပြားနဲ့ တွေ့ဆုံခဲ့ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ တန်ဟက်ခ်ရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ ဒီဂီယာ၊ လုခ်ရှော၊ ရပ်ရ်ဖို့ဒ်၊ ဂါနာချိုနဲ့ ကစားသမား (၁၅) ယောက် ပူးပေါင်းလျက်ရှိတယ်လို့ သိရှိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က