အလုပ်ပြုတ်နိုင်ချေပါရှိနေတာပါ။

ဒီနေ့ည ကစားမယ့် စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုဖိုင်နယ်ပွဲအပြီး နောက်တစ်နေ့မှာ အင်္ဂလန်ပရိသတ်တွေက ခွင့်ယူဖို့ ကြံစည်နေတဲ့အပေါ် သက်ဆိုင်ရာ လုပ်ငန်းတွေဘက်က သတိပေးထားပါတယ်။ ဂျာမနီမှာ စပိန်နဲ့ အင်္ဂလန်တို့ ဒီနေ့ည ယူရိုချန်ပီယံဆုကို အပြိုင်လုရမှာပါ။



အင်္ဂလန်ပရိသတ်တွေကတော့ ဒီနေ့ညမှာ အင်္ဂလန် အနိုင်ရဗိုလ်စွဲခဲ့ရင် တနင်္လာနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒါပေမယ့်လည်း ဒါက လက်တွေ့မဖြစ်လာခဲ့ဘဲ ရုံးမပိတ်ရင်တောင် ခွင့်ယူဖို့ ကြံစည်နေတဲ့ အင်္ဂလန်ပရိသတ်တွေအတွက် အခက်တွေ့လာခဲ့ပါတယ်။

အဲ့ဒါကတော့ ကုမ္ပဏီလုပ်ငန်းတွေဘက်က ဝန်ထမ်းတွေ​ ရိုးရိုးတန်းတန်း ဖျားနာတယ်ဆိုပြီး ခွင့်တိုင်ရင် လက်ခံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း တနင်္ဂနွေနေ့ညမှာ သောက်စားထားပြီး ခွင့်ယူတယ်ဆိုတာကို ဆိုရှယ်မီဒီယာလိုမျိုး နေရာတွေကတစ်ဆင့် သက်သေတွေ့ရှိခဲ့ရင်တော့ လစာမဲ့ခွင့်သာ ဖြစ်သွားနိုင်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် ဒီလိုမျိုးလုပ်ရပ်က အလုပ်ပြုတ်တဲ့အထိ ဖြစ်သွားနိုင်ကြောင်းလည်း တစ်ဆက်တည်း သတိပေးထားကြပါတယ်။ ပြိုင်ပွဲကြီးတွေမှာ အမြဲတမ်း ပြဿနာရှာနေကြ၊ မူးနေကျ အင်္ဂလန်ပရိသတ်တွေကတော့ ဒါကို စိတ်ထဲထားမယ့်ပုံမပေါ်ဘဲ နောက်တစ်နေ့မှာ ဝန်ထမ်းအများအပြား ရုံးပျက်ကြမှာကိုလည်း လုပ်ငန်းတွေဘက်က နားလည်သဘောပေါက်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က