စပိန် ကွင်းလယ်လူ ရိုဒရီက အင်္ဂလန်နဲ့ ယူရိုဖိုင်နယ်ပွဲမှာ ဖိုဒန်ကို ဝင်မကစားစေချင်ဘူးလို့ ဖွင့်ဟပြောကြားလာပါတယ်။ ဖိုဒန်ဟာ အင်္ဂလန်ရဲ့ အဓိက, ကစားသမားဖြစ်ပြီး မနက်ဖြန်ညမှာ ကစားမယ့်ပွဲအတွက်လည်း သေချာပေါက် ပါဝင်ကစားဦးမှာပါ။
အင်္ဂလန်ဘက်က ဘယ်သူ့ကို ဖယ်ထုတ်ချင်လဲဆိုတဲ့ မေးခွန်းကို ဖိုဒန်က “အင်္ဂလန်မှာက ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ကျနော်ကတော့ ဖိုဒန်ကို ဖယ်ထုတ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော် သူ့အကြောင်းကို သိပါတယ်။ သူက ကျနော်နဲ့ အသင်းဖော်လေ”
“သူက သေချာပေါက် ထိန်းချုပ်ရမယ့် ကစားသမားမျိုးပါ။ နေရာလွတ် သိပ်မရှိတဲ့အခါမှာတောင် သူက ကောင်းကောင်း ရွေ့လျား ကစားနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာ အခြားကစားသမားတွေကလည်း ဒုက္ခတွေ ပေးနိုင်ပါတယ်။ ကျနော်ကတော့ ကစားသမားတစ်ယောက်ချင်းစီကို အာရုံစိုက်ရတာ မကြိုက်ပါဘူး”
“အင်္ဂလန်တစ်သင်းလုံးကိုပဲ အာရုံစိုက်ချင်ပါတယ်။ ကျနော်တို့လည်း တစ်ဦးချင်းရင်ဆိုင်ရတဲ့အခါ ကိုယ့်အစွမ်းကိုယ် ထုတ်သုံးရမှာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဖိုဒန်ဟာ နယ်သာလန်ကို အင်္ဂလန်တို့ အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။