မနေ့ကတည်းက ရှာဖွေမှုတွေလုပ်နေပေမယ့် အခုချိန်ထိ ပျောက်ဆုံးသူတွေကိုမတွေ့ရှိရသေးပါဘူး။

ကချင်ပြည်နယ် ဖားကန့် မြို့က မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်မှာ မနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့က မြေစာပုံပြိုကျတာကြောင့် ရေမဆေးရှာဖွေသမား ၁၀ ဦးထက်မနည်း ပျောက်ဆုံးမှုရှိနေတယ်လို့ သိရပါတယ်။။ 



ဒါကြောင့် ပျောက်ဆုံး ရေမဆေးသမားတွေကို သက်ဆိုင်ရာမီးသတ်နဲ့ပရဟိတအသင်းအဖွဲ့တွေက မနေ့ကတည်းက ရှာဖွေမှုတွေလုပ်နေပေမယ့် အခုချိန်ထိ ပျောက်ဆုံးသူတွေကိုမတွေ့ရှိရသေးဘူးလို့ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ သုခဒါယီလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ဓာတ်ပုံ - CJ

" ခုထိလည်းတစ်ယောက်မှရှာမတွေ့သေးဘူး။ မနေ့ကဖြစ်တာ ခေါ်တော့ကျွန်တော်တို့လည်းသွားကြတယ်၊မြေစာပုံပြိုကျတာ ပါသွားတာပေါ့။ နွံအိုင်ထဲကျသွားကြတာ။ဒီနေ့ရောဆက်ရှာဖြစ်မလားဆိုတာတော့မသိသေးဘူး" လို့ ကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ သုခဒါယီလူမှုကူညီရေးအသင်းအဖွဲ့ဝွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသူတွေထဲမှာ မြေစာပုံစွန့်ပစ်တဲ့ကားမောင်းသူရော၊ ရေမဆေးကေောက်ရှာဖွေသူတွေရော ပါဝင်နေတယ်လို့သိရပါတယ်။

" ဖြစ်တယ်သိရချင်း ပရဟိတတွေရော အကုန်ရှာကြတယ်တယ်။ နွံအိုင်ထဲကျသွားတာဆိုတော့ အဆင်မပြေဘူး။ အလောင်းတွေပေါ်လာမှပဲ တွေ့မယ့်အခြေအနေရှိတယ်။ပျောက်နေတာကတော့ ရေမဆေးရှာတဲ့သူရော ၊ ကားမောင်းတဲ့သူရောပါတယ်ပြောတယ်။ အနည်းဆုံးတော့ ၁၀ ကျော်ပါသွားတယ်။ အတိအကျကတော့ အလောင်းတွေပေါ်မှပဲသိရမယ် " လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် ခွင့်ပိတ်ထားပေမယ့်လည်း ဒေသခံတွေအနေနဲ့ ကျောက်စိမ်းရှာဖွေတဲ့အလုပ်သာ အဓိကရှိတာကြောင့် ရေမဆေးရှာဖွေနေကြရတာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ဝှေခါကျောက်စိမ်းမှော်အတွင်းမှာ အဆိုးရွားဆုံးမြေပြိုမှုဖြစ်ခဲ့ပြီး ရေလှိုင်း ရိုက်ခတ် မှုကြောင့် သေဆုံးသူ ၁၆၀ ကျော် အထိရှိခဲ့ပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့တဲ့ ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က