ဖားကန့်မြို့နယ်၊ မှော်စီစာ ကျေးရွာအနီး၊ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်‌ တစ်ခုရဲ့ မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်ပါတယ်။

ဖားကန့်‌မှာ မြေစာပုံပြိုကျမှုထပ်မံဖြစ်ပွားပြီး လူ ၁၀၀ ခန့် ပျောက်ဆုံးနေ



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ  ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် အစောပိုင်းက မြေစာပုံပြိုကျမှုဖြစ်ပွားပြီး လူ ၁၀၀ လောက်ပျောက်ဆုံးနေတယ်လို့ လတ်တလောသတင်းတွေအရ သိရပါတယ်။

" အခု ကူညီကယ်ဆယ်ရေးသွားဖို့ လူစုနေတယ်၊ ကနဦးသိရတာတော့ လူ ၁၀၀ လောက်ပါသွားတယ်ကြားတယ်။ " လို့ ကယ်ဆယ်ရေးသွားဖို့လုပ်ဆောင်နေတဲ့ပရဟိတအသင်းတစ်ခုကပြောပါတယ်။

ဖားကန့်မြို့နယ်၊ မှော်စီစာ ကျေးရွာအနီး၊ သာယာကျေးရွာက ကုမ္ပဏီလုပ်ကွက်‌ တစ်ခုရဲ့ မြေစာပုံပြိုကျခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်မှာ လူဦးရေ ၁၀၀ ခန့် ပျောက်ဆုံးနေပြီး ပျောက်ဆုံးသူတွေထဲမှာ ရေမဆေးသမားတွေ၊ဈေးသည်တွေ လည်းပါသွားတယ်လို့ ဒေသခံတွေရဲ့ ကနဦးသတင်းတွေအရသိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဖားကန့် မြို့၊ မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်မှာ  မြေစာပုံပြိုကျတာကြောင့် ရေမဆေးရှာဖွေသမား ၁၀ ဦးထက်မနည်း ပျောက်ဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ‌‌‌‌ဝှေခါကျောက်စိမ်းမှော်တွင်းမှာ  မြေပြိုပြီး ရေလှိုင်း ရိုက်ခတ် မှုကြောင့် သေဆုံးသူ ၁၆၀ ကျော် အထိရှိခဲ့ပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

(ဓာတ်ပုံ - ပုံဟောင်း)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က