လှပတဲ့လှည့်စားမှုနဲ့ ဂိုးသွင်းခဲ့တာပါ။

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ တော်တ​ော်လေးအကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေ၊ လှပတဲ့ ထိုးဖောက်မှုတွေ၊ ကန်သွင်းချက်တွေနဲ့ ပရိသတ်တွေစိတ်ကြိုက်တွေ့ခဲ့ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေက အကောင်းဆုံးပွဲတပွဲအဖြစ်နဲ့တောင် သတ်မှတ်နိုင်တဲ့ အနေအထားမှာရှိခဲ့ပါတယ်။ နှစ်သင်းစလုံးက တော်တော်လေးကြိုးစားအားထုတ်ခဲ့ကြပြီး အသာစီးရဖို့ကို ပြိုင်ဆိုင်ခဲ့ကြတာပါ။ 

မန်စီးတီးကတော့ ညာအစွန်ခံစစ်လူကိုင်လီဝေါ်ကာ မပါဝင်နိုင်လို့ ဂျွန်စတုန်းစ်ကို အဆိုပါနေရာမှာ ထားကစားခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာပဲ ဂျွန်စတုန်းစ်က ဒဏ်ရာအကင်းမသေဘဲ ဝင်ကစားခဲ့ရလို့ ဒဏ်ရာထပ်ရခဲ့ကာ ဖာနန်ဒင်ဟိုနဲ့ ဂွာဒီယိုလာတယောက် လူစားလဲခဲ့ရပြီး အဆိုပါအားနည်းချက်ရှိနေတဲ့ နေရာကနေပဲ ဗင်နီရှပ်ရဲ့ ပညာပေးမှုကို ခံလိုက်ရပါတယ်။ 

ဘယ်တောင်ပံကစားသမားဗင်နီရှပ်က တန်ပြန်တိုက်စစ်ကတဆင့် ဘောလုံးပေးပို့မှုကို လက်ခံဖို့ကြိုးစားချိန်မှာ ဖာနန်ဒင်ဟိုက သူ့ကို လူကပ်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗင်နီရှပ်က စီနီယာဘရာဇီးလ်သားကြီးကို ခြေယောင်ပြကာ ဘောလုံးကို ထိတောင်မထိခဲ့ဘဲ ခန္ဓာကိုယ်ကိုသာလှည့်ထွက်သွားခဲ့ပြီး ဖာနန်ဒင်ဟိုတယ​ောက် အဲဒီလှည့်ကွက်ထဲမှာ မျောပါသွားခဲ့ရပါတယ်။ 



ဘောလုံးက ဖာနန်ဒင်ဟိုနဲ့လည်းမထိဘဲ ပေါင်ကြားထဲကနေ ထွက်လာခဲ့ချိန်မှာ ဗင်နီရှပ်က သူ့ရဲ့လျင်မြန်မှုနဲ့အတူ တောက်လျှောက်ဆွဲပြေးသွားခဲ့ပြီး ဂိုးသမားနဲ့တဦးချင်းအတွေ့မှာ အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ်။ ဗင်နီရှပ်ရဲ့ ပါးနပ်မှု၊ လျင်မြန်မှု၊ အဆုံးသတ်ကောင်းမွန်မှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဖာနန်ဒင်ဟိုကတော့ သူ့ရဲ့အားနည်းချက်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရပါတယ်။ 



ဒီဂိုးဟာ ရီးရဲလ်အတွက် အရေးပါတဲ့ချေပဂိုးလည်းဖြစ်ခဲ့ပြီး ဗင်နီရှပ်ရဲ့ ခွန်အား၊ ဦးနှောက်ကို အသုံးပြုပြီးရရှိခဲ့တာပါ။ မန်စီးတီးညာခြမ်းခံစစ်အားနည်းချက်ကို အသုံးချနိုင်ခဲ့တာလည်းဖြစ်ပြီး ဒုတိယအကျော့မှာ အဲဒီအချက်ကို မပြင်ဆင်နိုင်ရင် ဂွာဒီယိုလာတယောက် အခက်တွေ့ဦးမှာသေချာပါတယ်။ ဗင်နီရှပ်ကတော့ လူစားဝင်လာတဲ့ ဖာနန်ဒင်ဟိုကို ချက်ချင်းပဲကွင်းပြင်ပြန်ထွက်ချင်အောင် လုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က