ပရိသတ်တွေက ဂျေဒန် ဆန်ချိုက မန်ချက်စတာယူနိုက်တက်အသင်းဖော် ဘရူနို ဖာနန်ဒက်စ်ကို အက်စတန် ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းအတွင်း ညည်းတွားနေတာကို ရပ်ဖို့ ပြောကြားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ယနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၁၆ မိနစ်မှာ ဆန်ချိုက အက်စတန် ဗီလာ ကွင်းလယ်လူ ဒန်ဒွန်ကာကို ပင်နယ်တီဧရိယာအစွန်နားမှာ ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာ ဘောလုံးပျက်သွားခဲ့တာဖြစ်ပါတယ်။
ဘောလုံးက ကွင်းစည်းကျော်သွားပြီး လက်ပစ်ဘောဖြစ်သွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က စိတ်ပျက်လက်ပျက်နဲ့ လက်တွေကို လေထဲမှာ မြှောက်ခဲ့တာကြောင့် ဆန်ချိုက ပေါ်တူဂီကြယ်ပွင့်ကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်အချို့က ဆန်ချိုဟာ ဖာနန်ဒက်စ်ကို လက်ညှိုးထိုးပြီး ညည်းတွားနေတာကို ရပ်တန့်ဖို့ ပြောဆိုခဲ့တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တစ်ဦးက “ဆန်ချိုက ဖာနန်ဒက်စ်ကို ညည်းတွားနေတာ ရပ်ဖို့ ပြောခဲ့တယ်ဆိုတာ ကျိန်ရဲတယ်”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဆန်ချိုက ဘရူနိုကို ညည်းတွားနေတာရပ်ဖို့ ပြောခဲ့တယ်ဆိုတာ လုံးဝ သေချာတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ အနီးကပ် ကန်ချက်နဲ့အတူ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်အတွက် အဲဒီသွင်းဂိုးဟာ ကစားသမားဘဝ ဂိုး ၁၀၀ ပြည့်မြောက်တဲ့သွင်းဂိုးဖြစ်ခဲ့ပါတယ်။