ရက်ရှ်ဖို့ဒ်က အကန်းဂျိရဲ့ ခံစစ်ကစားပုံနဲ့ အီဒါဆင်ရဲ့ နေရာယူပုံအပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်က ချေပဂိုးဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ လူကျွံအနေအထားနဲ့ ကြားဝင်နှောင့်ယှက်ခဲ့ပုံပေါ်ခဲ့တာကြောင့် အငြင်းပွားစရာအများအပြား ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီသွင်းဂိုးမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသာ ရှိမနေခဲ့ဘူးဆိုရင် ဘယ်လိုပုံစံမျိုးဖြစ်ခဲ့မလဲဆိုတာကို အားလုံး သိချင်ကြမှာ ဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ဂရီးလစ်ရှ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၂ မိနစ်သာကျန်တော့တဲ့အချိန်မှာ ဖာနန်ဒက်စ်က ကာစီမီရိုရဲ့ ပေးပို့မှုကနေတဆင့် အီဒါဆင်နဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ယူနိုက်တက်အသင်းခေါင်းဆောင်ရဲ့ သွင်းဂိုးဟာ အစပိုင်းမှာ စည်းကြပ်ဒိုင်လူကြီး ဒါရင်း ကန်းက ရက်ရှ်ဖို့ဒ် လူကျွံနေတဲ့အတွက် အလံထောင်ပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင် စတူးအက် အက်တ်ဝဲလ်နဲ့ စကားပြောဆိုခဲ့ပြီးနောက် လူကျွံအနေအထားနဲ့ ဘောလုံးရှိရာကို ပြေးလိုက်နေတဲ့ ရက်ရှ်ဖို့ဒ်က ပွဲကစားနေတာကို ကြားဝင်နှောင့်ယှက်ခဲ့ခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ရက်ရှ်ဖို့ဒ်က ဂါနာချိုရဲ့ ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းပြီး မန်ချက်စတာယူနိုက်တက်အသင်းက အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ နိုင်ပွဲ ရရှိသွားတာဖြစ်ပါတယ်။ ပရိသတ်အများအပြားဟာ မန်ယူနိုက်တက်ရဲ့ ချေပဂိုးကို ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခဲ့ပြီး ရက်ရှ်ဖို့ဒ်က အကန်းဂျိရဲ့ ခံစစ်ကစားပုံနဲ့ အီဒါဆင်ရဲ့ နေရာယူပုံအပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။



မန်ချက်စတာစီးတီးပရိသတ်တွေဟာ တွစ်တာပေါ်မှာ ရက်ရှ်ဖို့ဒ်ကို ဓာတ်ပုံပညာနဲ့ ဖျောက်လိုက်တဲ့အချိန်မှာ အခြေအနေက တစ်မျိုး ပြောင်းလဲသွားခဲ့တာ ဖြစ်ပြီး အကန်းဂျိဟာ ဖာနန်ဒက်စ်ဆီ လိမ့်သွားတဲ့ ဘောလုံးကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ပုံစံ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ "ရက်ရှ်ဖို့ဒ်ကို ဖယ်ထုတ်လိုက်ရင် ကစားပုံက ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲသွားခဲ့တယ်။ (က) အကန်းဂျိက ဘောလုံးကို ရယူလိမ့်မယ်။ (ခ) အီဒါဆင်ရဲ့နေရာယူပုံတစ်ခုလုံးက လူကျွံနေတဲ့ကစားသမားအပေါ်မူတည်ပြီး လွဲမှားနေခဲ့တယ်"


"ဒိုင်လူကြီးတွေက အဓိကအားဖြင့် မှားယွင်းခဲ့ပြီး ကျွန်တော်တို့ကို ရမှတ် ၃ မှတ်အပြည့် ဒါမှမဟုတ် အနည်းဆုံး ၁ မှတ် ဆုံးရှုံးစေခဲ့တယ်။ ဘယ်သူကမှ ဒီဟာကို အမှန်အတိုင်းဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းနေတာမရှိဘူး"လို့ BlueCityBrain လို့ အမည်ရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က