စွမ်းအင် အစားထိုးပြောင်းလဲသုံးစွဲမှု လုပ်ငန်းစဥ်ကနေ အလုပ်အကိုင်အခွင့်အလင်းပေါင်း ၃.၂ သန်းအထိ ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

၂၀၄၅ ခုနှစ်အရောက်မှာ အင်ဒိုနီးရှားနိုင်ငံတဝှမ်းလုံးရှိ ကျောက်မီးသွေးသုံးစက်ရုံ အားလုံးကို ရပ်နားသွားမှာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာဆိုရင် ၂၀၅၀ ပြည့်နှစ်မှာ ဖန်လုံအိမိဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုည အထိဖြစ်စေဖို့ အဓိက အခန်းကဏ္ဍ ဖြစ်လာမယ်လို့  Institute for Essential Services Reform (IESR) ရဲ့ အမှုဆောင် ဒါရိုက်တာ Fabby Tumiwa က Indonesia Sustainable Energy Week (ISEW) 2022 မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။



Institute for Essential Services Reform (IESR) ရဲ့ အမှုဆောင် ဒါရိုက်တာ Fabby Tumiwa

Institute for Essential Services Reform (IESR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၃၀ မှာ အင်ဒိုနီးရှားက ကျောက်မီးသွေးသုံးစက်ရုံအားလုံးကို 9.2 GW ပမာဏ ရပ်ဖို့ လိုအပ်ပြီး ၂၀၄၅ မှာ ယူနစ်အားလုံးရဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်ဖို့ လိုအပ်ပါတယ်” လို့ Fabby Tumiwa က ပြောခဲ့တာပါ။

 စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဝန်ကြီးဌာနမှာရှိနေတဲ့ လုပ်ပိုင်ခွင့် နဲ့အတူ သမ္မတအမိန့် ၁၁၂/၂၀၂၂ အရ ဆိုရင်လည်း ကျောက်မီးသွေးသုံးစက်ရုံလည်ပတ်မှု အဆုံးသတ်ဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် ပါလီမန်ရဲ့အကောင်းဆုံးခြေလှမ်း လို့ သူက ယုံကြည်ထားပါတယ်။

အလားတူပဲ သမ္မတအမိန့် ၁၁၂/၂၀၂၂ ဟာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် စွဲဆောင်နိုင်ပြီး ပြန်လည်အသုံးချနိုင်သော စွမ်းအင်အတွက် မက်လုံးတွေ ပေးနိုင်မယ်လို့ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးချုပ် Rida Mulyana ကလည်း ပြောပါတယ်။ Rida ရဲ့ ပြောကြားချက်အရ ဇီဝရုပ်ကြွင်းစွမ်းအင်စျေးနှုန်းများ မြင့်တက်နေချိန်မှာ ပြန်လည်အသုံးချနိုင်သော စွမ်းအင် အသုံးပြုမှုကို အားပေးဖို့ အကောင်းဆုံး အရှိန်အဟုန်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သန့်ရှင်းသော စွမ်းအင် ဝယ်လိုအားကလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးချုပ် Rida Mulyana

ကျောက်မီးသွေးသုံးစက်ရုံ လည်ပတ်မှုကို ဖြည်းဖြည်းချင်း လျှော့ချဖို့အတွက် အစိုးရက နှစ် ၃၀ စာချုပ် ချုပ်ဆိုကာ မဟာဗျူဟာတွေ ချမှတ်ထားတယ်လို့ Rida က ပြောကြားခဲ့ပါတယ်။

ကျောက်မီးသွေးသုံးစက်ရုံ အားလုံးရပ်နားခြင်း(CFPP-ed) လုပ်ဆောင်ချက်က ၂၀၃၀ မှာ မြင့်တက်လာမှာဖြစ်ပြီး အဲဒီနောက် ကျောက်မီးသွေးသုံးစက်ရုံ (CFPP) ဖွံ့ဖြိုးမှုတွေ ရပ်နားသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ ကျောက်မီးသွေးသုံးစက်ရုံ အားလုံးက ၂၀၅၈ မှာ ဆုံးခန်းတိုင် ရပ်နားသွားမှာဖြစ်ပါတယ်” လို့ Rida ပြောကြားခဲ့ပါတယ်။

ရေကြောင်းနဲ့ သဘာဝအရင်းအမြစ်ဌာန ဒုဝန်ကြီး Vivi Yuliawati ကလည်း ၂၀၆၀ မှာ ဓာတ်ငွေ့ထုတ်လွှင့်မှု သုညအထိ လျှော့ချရေး မဟာဗျူဟာ အ‌ကောင်အထည်ဖော်ဆောင်ရွက်ဖို့ကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ISEW 2022 ဆွေးနွေးမှုရလဒ်က ကာလလတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (RPJMN) 2025-2029 နဲ့ ကာလရှည် တိုးတက်ရေးစီမံချက် (RPJP) ပြင်ဆင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်မယ်လို့ သူမက မျှော်လင့်ထားပါတယ်။

ရေကြောင်းနဲ့ သဘာဝအရင်းအမြစ်ဌာန ဒုဝန်ကြီး Vivi Yuliawati

“ပြန်လည်အသုံးပြုနိုင်သောစွမ်းအင် နည်းပညာက မလုံလောက်သေးပါဘူး။ ပြန်လည်းအသုံးပြနိုင်တဲ့ စွမ်းအင်မှာ စွမ်းရည်သစ်တစ်ရပ် တည်ဆောက်ဖို့အတွက် အကွက်ကျကျလုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တစ်ခု ကျွန်မတို့ လိုအပ်ပါသေးတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

စွမ်းအင် အစားထိုးပြောင်းလဲသုံးစွဲမှု လုပ်ငန်းစဥ်ကနေ အလုပ်အကိုင်အခွင့်အလင်းပေါင်း ၃.၂ သန်းအထိ ဖန်တီးပေးနိုင်မယ်လို့ Institute for Essential Services Reform (IESR) ရဲ့ လေ့လာသုံးသပ်ချက်အရ သိရပါတယ်။

ခုနှစ် ISEW က စွမ်းအင်အစားထိုးပြောင်းလဲခြင်း ‌ကျောက်မီးသွေးစက်ရုံများ စောလျင်စွာ ရပ်နားခြင်း၊ ယင်းလုပ်ဆောင်ချက်မှာ ရင်းနှီးမြှုပ်နှံခြင်း၊ ရန်ပုံငွေကောက်ခံခြင်းနှင့် ပံ့ပိုးကူညီခြင်း တို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် ပြည်တွင်းပြည်ပ ပူးပေါင်ဆောင်ရွက်ရန် အလေးပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သဘာဝစွမ်းအင် ရင်းမြစ်တွေ သုံးစွဲမှုကို လျှော့ချဖို့နဲ့ အစားထိုးစွမ်းအင် သုံးစွဲဖို့ အတွက် နည်းလမ်းတွေ ပိုမိုရှာဖွေနိုင်ဖို့ရန် Indonesia Sustainable Energy Week (ISEW) ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အောက်တိုဘာလ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပလျှက် ရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က