ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်အချို့ ပြန်လွတ်၊ ပိုပိုနဲ့ ရဲတိုက်တို့ မပါဝင်သေး

ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သရုပ်ဆောင် ပြေတီဦးတို့ဇနီးမောင်နှံအပါအဝင် အနုပညာရှင်အချို့ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ သိရပါတယ်။ 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာ အိကျော်ဇင် ရဲ့ဆိုရှယ်မီဒီယာမှာ " မောင်လေး ပြေတီဦးနဲ့ ညီမ လေး အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံ နေအိမ်ကိုကျန်းကျန်းမာမာ နဲ့ပြန်လည် ရောက်ရှိပါပြီ။ ဒီရက်ပိုင်းဖုန်းတွေ ပြန် မ ဖြေဖြစ်ရင် နားလည်ပေးကြပါရှင်၊ဆုတောင်းမေတ္တာပို့သ ပေးသူတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးတင်ပါတယ်ရှင်" ယ နေ့မတ် လ ၂ရက်နေ့မှာ ရေးသားထားတာတွေ့ရပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်(၃)နှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင် ၊ သရုပ်ဆောင် လူမင်း၊ပိုင်တံခွန် ၊ Beauty Blogger မဝင်းမင်းသန်း နဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ ၀ိုင်းတို့ကို ယ နေ့မတ် လ ၂ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးမယ်လို့ သတင်းတွေထွက် ပေါ်အပြီး မှာပဲ ယခုလို လွတ်မြောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ 


credit - Eaindrakyawzin fb

"ကိုလူမင်း နေအိမ်ကို ပြန်လည်ရောက်ရှိပါပြီ။ သတင်း​မေးဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်၊တစ်​ယောက်ချင်းစီကို အ​ကြောင်းမပြန်နိုင်ခဲ့ရင်နားလည်ခွင့်လွတ်​ပေးပါ" လို့ သရုပ်ဆောင် လူမင်းရဲ့ ဇနီးကလည်း ဆိုရှယ်မီဒီယာကတစ်ဆင့် ပရိသတ်ကို အသိပေးထားပါတယ်။

ယခုလိုပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရလာတဲ့ အနုပညာရှင် တွေ ထဲမှာ အဆိုတော် ပိုပိုနဲ့ သရုပ်ဆောင်ရဲတိုက် တို့ တော့ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

Write to Thu Thaw Di Soe Min

Share

က္က