ပြက္ခဒိန်တနှစ်အတွင်းမှာ ၃၇ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့တာပါ။

အေဂျက်ဇ်အတွက် ၁၇၁ ပွဲကစားပေးထားရာမှာ ၈၃ ဂိုးရရှိထားပြီး ၈၂ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။


အေဂျက်ဇ်အသင်းခေါင်းဆောင်ဒူဆန်တာဒစ်ဟာ ပြက္ခဒိန်တနှစ်အတွင်းမှာပဲ ဖန်တီးပေးမှုပေါင်း ၃၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နယ်သာလန်ထိပ်သီးကလပ်ရဲ့ အဓိကကစားသမားလည်းဖြစ်တဲ့ တာဒစ်ဟာ အဓိကကစားသမားဖြစ်တာနဲ့အညီ မြင့်မားတဲ့ခြေစွမ်းတွေကို ပြသနေခဲ့ပြီး မက်ဆီရဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်မှာ မက်ဆီက ဖန်တီးပေးမှုပေါင်း ၃၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ ၁၀ နှစ်အကြာမှာတော့ ဒီစံချိန်ကို တာဒစ်က လိုက်မီခဲ့တာဖြစ်ပြီး ကျော်ပါတက်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆာဘီးယားလက်ရွေးစင်ဟာ အေဂျက်ဇ်ကို ရောက်ရှိစဉ်ကတည်းက ခြေစွမ်းပြခဲ့ပြီး ပထမဆုံးရာသီမှာပဲ အသင်းအတွက် ၃၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ရာသီမှာလည်း ၁၆ ဂိုး၊ ၂၂ ဂိုးစီသွင်းယူပေးခဲ့ကာ ဒီရာသီမှာတော့ ၇ ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ ဆောက်သမ်တန်ကစားသမားဟောင်းလည်းဖြစ်တဲ့ တာဒစ်ဟာ ၂၀၂၁ နှစ်ရဲ့ ဟော်လန်လိဂ်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားနိုင်ခဲ့ပြီး  လက်ရှိအချိန်ထိလည်း အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့ကာ အသင်းဖော်တွေရဲ့ ယုံကြည်စိတ်ချရမှုကို အပြည့်အ၀ရရှိထားသူလည်းဖြစ်ပါတယ်။ 

အေဂျက်ဇ်ကစားသမားဘ၀မှာ သူက ဟော်လန်လိဂ်မှာ တရာသီကိုအနည်းဆုံး ၁၃ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ၁၁ ကြိမ်အထိ ရှိနေပြီဖြစ်လို့ နောက်ထပ်စံချိန်သစ်တွေ ထပ်မံရယူနိုင်ဖွယ်ရာရှိနေပါတယ်။ အေဂျက်ဇ်အတွက် ၁၇၁ ပွဲကစားပေးထားရာမှာ ၈၃ ဂိုးရရှိထားပြီး ၈၂ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်အတွက်ကစားခဲ့စဉ်ကလည်း ၁၆၂ ပွဲမှာ ၂၄ ဂိုးသွင်းယူပြီး ၃၅ ကြိမ်ဖန်တီးပေးခဲ့ကာ ဖန်တီးမှုစွမ်းရည်မြင့်မားသူအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ 

Share

က္က