Messenger နဲ့ Instagram apps တွေအတွက် ဖြန့်ချိထားပါတယ်

အပြင်လူ အသိမခံချင်တဲ့ မက်ဆေ့တွေကို လျှို့ဝှက်ဖို့ စာပို့ Apps တွေဟာ နည်းပညာသစ်တွေ သုံးနေကြပါတယ်။

 



           လူသုံးများတဲ့ နာမည်ကြီး စာပို့ App တစ်ခုဖြစ်တဲ့ Messenger မှာလည်း ကိုယ်ပို့ထားတဲ့ မက်ဆေ့တွေ တစ်ဖက်လူ ဖတ်ပြီးတာနဲ့ ဖျောက်ဖျက်ပစ်မယ့် feature တစ်ခု ဖြန့်ချိထားပါတယ်။ Vanish Mode လို့ ခေါ်ပါတယ်။ Vanish Mode ဟာ privacy ပိုမြင့်တဲ့ chat feature တစ်ခု ဖြစ်ပြီး တစ်ဦးချင်းပြောတဲ့ One-To-One Chat တွေမှာ သုံးနိုင်အောင် ထုတ်ထားတာပါ။


Photo: Business Insider


           Vanish Mode မှာဆို စကားပြောထားတဲ့ Chat list တွေကို Screenshot ယူမယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးကို အသိပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး chatting တစ်ခုကို Report လုပ်ချင်ရင်လည်း ကိုယ်မြင်ပြီး တစ်နာရီအတွင်း ကြာတဲ့ Vanish Mode မက်ဆေ့တွေ Report မှာ ပါလာမှာပါ။ Vanish Mode က default ပိတ်ထားတာကြောင့် တစ်ဖက်လူက Vanish Mode နဲ့ မက်ဆေ့တွေ ပို့လာရင် ကိုယ့် chat ကို Vanish Mode ထဲ ထည့်ရမှာ ဖြစ်ပါတယ်။

 

Vanish Mode ဘယ်လိုသုံးမလဲ

 

           Vanish Mode သုံးဖို့ဆို ကိုယ့်ဖုန်းထဲက Messenger app ကို ဖွင့်ပြီး သူငယ်ချင်းတစ်ယောက်ယောက်ကို မက်ဆေ့ပို့ရမှာပါ။ ဒီ feature က အဖွဲ့လိုက် စကားပြောကြတဲ့ Group chat တွေမှာတော့ မရပါဘူး။ Vanish Mode ပွင့်လာဖို့ screen အောက်ခြေကနေ အပေါ်ကို Swipe Up ပွတ်တင်ထားရမှာပါ။ Vanish Mode အတွက် Swipe လုပ်ပါဆိုပြီး မက်ဆေ့လည်း တက်လာပါလိမ့်မယ်။ စက်ဝိုင်းပုံ icon လေး အဝိုင်းပြည့်သွားတဲ့အထိ လက်နဲ့ drag ဆွဲထားရမှာပါ။


Photo: Business Insider


           ဒါပြီးရင်တော့ လက်ရှိပြောထားတဲ့ chat တွေက ပျောက်ကွယ်နေပြီး Vanish Mode screen သစ် တက်လာမှာပါ။ Vanish Mode ကို ပထမဆုံးအကြိမ် သုံးတာဆို ဒီ feature နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့လည်း pop-up တက်လာပါလိမ့်မယ်။ စာပို့တာကတော့ ပုံမှန်စကားပြောခန်းတွေလိုပဲ မက်ဆေ့နဲ့ ပုံတွေ ပို့လို့ရပါတယ်။ ဒီမက်ဆေ့နဲ့ စာတွေက ကိုယ်နဲ့ စကားပြောပြီး chat ကို ပိတ်လိုက်တဲ့အထိပဲ ခံမှာပါ။ Chatting ထိုင်ပြီးရင်တော့ ပျက်သွားပါလိမ့်မယ်။

           Vanish Mode ကို ပိတ်ချင်ရင် screen အပေါ်ဘက်မှာ ရှိတဲ့ Turn Off Vanish Mode ဆိုတာကို နှိပ်ပြီး ဖြစ်ဖြစ် Screen အောက်ခြေကနေ အပေါ်ကို Swipe up လုပ်ပြီး ဖြစ်ဖြစ် Chat ကနေ ထွက်နိုင်ပါတယ်။ ဒီ feature က လောလောဆယ် အမေရိကန်မှာ ရှိတဲ့ Android နဲ့ iPhone ပေါ်က Messenger နဲ့ Instagram apps တွေမှာ ဖြန့်ချိထားပြီး တစ်ကမ္ဘာလုံးကိုလည်း ဖြည်းဖြည်းချင်း ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က