သူ့ရဲ့ ဖောင်ဒေးရှင်းက လှူခဲ့တာပါ။

ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေနဲ့ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာ သွားလှူခဲ့တာပါ။ ပြေတီဦး ဖောင်ဒေးရှင်းနဲ့အတူ လှူခဲ့တာပါ။


 

Photo : ပြေတီဦး



သရုပ်ဆောင် ပြေတီဦးက ဒီနေ့မှာ သူ့ရဲ့ ပညာရေးဖောင်ဒေးရှင်းနဲ့အတူ အလှူလေးတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေ ကျောင်းအပ်တဲ့အခါမှာ အထောက်အပံ့လေး ဖြစ်အောင် ကျောင်းသုံးဗလာစာအုပ် (၃၀၀)လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ထို့အပြင် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာ လည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

“ဒုတိယကတော့ မြန်မာအမျိုးသမီးများဖွိ့ဖြိုးတိုးတက်ရေးအသင်းပါ.. ဝင်္ကပါလမ်းထဲမှာရှိပါတယ်..တနိုင်ငံလုံးက ကျွန်တော်တို့ ရဲ့သားချင်း အခက်အခဲရှိနေတဲ့ မြန်မာအမျိုးသမီးများကိုစနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတဲ့နေရာလေးပါ..နေရာနဲ့ အဆောက်အဦးကြီးကကောင်းပေမယ့် ရန်ပုံငွေမလုံလောက်လို့ အဲဒီက ဆရာမကြီးက ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေရတယ်လို့ပြောတော့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြေတီဦးက ဇွန်လ(၁၁) ရက်နေ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။



Photo : ပြေတီဦး

နောက်တစ်ခါကျရင်လည်း အဲဒီနေရာလေးကို မိသားစုနဲ့အတူ သွားလှူဖို့ စိတ်လေး ဖြစ်မိတယ်လို့ ဆိုပါတယ်။

“နောက်တခါ မိသားစုနဲ့အတူ သွားလှူဦးမယ်ဆိုတဲ့စိတ်ဖြစ်မိသလို အမျိုးတို့ကိုလည်း ကြုံကြိုက်တဲ့အခါ သွားလှူဒါန်းပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ်” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

ပြေတီဦးဟာ သူ့ရဲ့ ပညာရေး ဖောင်ဒေးရှင်းကို ငွေကျပ်(၁၀)သန်းနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် အတွက် ကျောင်းသားကျောင်းသူများကို ထောက်ပံ့ကြေး ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ထိုဖောင်ဒေးရှင်းနဲ့အတူ အလှူအတန်းတွေလည်း ပြုလုပ်လျက်ရှိပါတယ်။


Photo : ပြေတီဦး

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က