ပညာရေးကဏ္ဍအတွက် ဥရောပသမဂ္ဂ (အီးယူ) ကနေ မြန်မာနိုင်ငံကို ယူရို ၂၂၁ သန်း ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ(အတိုင်ပင်ခံရုံး)
ပညာရေးနှင့် ကျွမ်းကျင်မှု အခြေခံတွေမြှင့်တင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး ငွေကြေးထောက်ပံ့မှုဆိုင်ရ သဘောတူစာချုပ်ကို မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ချုပ်ဆိုခဲ့ပါတယ်။ အဆိုပါ စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ခဲ့တာပြီး အီးယူအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်တွေတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်အရ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျွမ်းကျင်မှုဆိုင်ရာ အခြေခံတွေမြှင့်တင်ဖို့ စီမံချက်နဲ့ လုပ်ဆောင်သွာားမှာဖြစ်ပြီးတော့ ငွေကြေးထောက်ပံ့မှုပေးအပ်ခဲ့တာဖြစ်ပါတယ်။
ငွေကြေးအထောက်အပံ့ယူရို ၂၂၁ သန်းမှာ ဘတ်ဂျက် အထောက်အပံ့ ၁၇၅ သန်းနဲ့ ဖြည့်စွက် အထောက်အပံ့ ယူရို ၄၆ သန်းပါဝင်ပြီး အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ စစ်ဆေးအကဲဖြတ်တဲ့ လုပ်ငန်း၊ နည်းပညာနဲ့ အသက်မွေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၊ အလုပ်ရုံနဲ့ ကျောင်းသားအဆောင် ဆောက်လုပ်မှုလုပ်ငန်း၊ ဆရာလမ်းညွှန်၊ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်ဝေမှု၊ ဆရာဆရာမများ အရည်အသွေးပြည့်ဝရေးအတွက် သင်တန်းပေးမှုတွေအပြင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ADB, World Bank, I-IDEA တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လိ့ု သိရပါတယ်။