ဆယ်တန်းစာမေးပွဲ ဖြေဖို့ ပြင်ဆင်နေတာပါ။
 

မြန်မာနိုင်ငံရဲ့ ဂီတကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့် တစ်ယောက် သရုပ်ဆောင်အလုပ်ကို အခွင့်အရေးရရင် လုပ်ချင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် အခုလက်ရှိမှာ ဆယ်တန်းစာမေးပွဲဖြေဖို့ စာတွေလည်း ကြိုးစားရဦးမယ်၊ အနုပညာအလုပ်ကို ဇောက်ချလုပ်နိုင်ဖို့ ကိုယ်ကိုယ်ကို ယုံကြည်ချက်ရှိအောင် ကြိုးစားရဦးမယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။


'' သရုပ်ဆောင်နဲ့ ပတ်သက်လို့ အခွင့်အရေးရရင်တော့ လုပ်မှာပေါ့။ ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ ကိုယ့်ဘက်က ယုံကြည်ချက်ရှိဖို့ အတွက် သင်ယူစရာတွေ အများကြီးလိုတယ်။ ကျွန်တော့်အတွက် အရေးကြီးတဲ့ အချက်က ၁၀တန်းစာမေးပွဲဖြေမယ် IGCSE ၊ ပြီးတော့ Gym ဆော့မယ်၊ စာဖတ်မယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိပြီဆိုတော့မှ အနုပညာအလုပ်ကို ဇောက်ချ လုပ်တော့မယ်'' လို့ ဆိုပါတယ်။

Photo: အုပ်စိုးခန့် ဖေ့စ်ဘွတ်


အုပ်စိုးခန့်ဟာ လက်ရှိမှာတော့ ဆယ်တန်းစာမေးပွဲက သူ့အတွက် အရေးကြီးတယ်လို့ ဆိုလာပါတယ်။ အဲ့ဒီအတွက်လည်း စာတွေ ကြိုးစားမယ် ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့ ညက Junction City မှာ ကျင်းပပြလုပ်ခဲ့တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေရှင်းပြောပြခဲ့ကြပါတယ်။

'' ကျွန်တော့်အတွက် အရေးကြီးတာက ဆယ်တန်းစာမေးပွဲပေါ့။ ဆယ်တန်းစာမေးပွဲအောင်မှပဲ လူရာဝင်မှာလေ။ အဲ့ဒီအတွက် ကျွန်တော်ကြိုးစား ရမယ်။ သီချင်းနဲ့ ဆယ်တန်းစာမေးပွဲကတော့ ကျွန်တော့် ခေါင်းထဲမှာရှိတယ်။ ပညာရေးအပိုင်းကိုတော့ Civil Engineering ဘက်ကိုတော့ သွားမယ်လို့ ရည်ရွယ်ထားတယ်'' လို့ သူကဆိုပါတယ်။

Photo: အုပ်စိုးခန့် ဖေ့စ်ဘွတ်

မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ပြုပြင်မှာမဟုတ်တဲ့ အုပ်စိုးခန့် 

ခန္ဓာကိုယ်သွယ်သွယ်နဲ့ ချစ်စရာကောင်းတဲ့ အုပ်စိုးခန့် တစ်ယောက်ဟာ မိန်းကလေးပရိသတ်အများစုရဲ့ အချစ်တွေကို ဖမ်းစားထားနိုင်တာ ပဲဖြစ်ပါတယ်။ သူကတော့ ခန္ဓာကိုယ်အချိုးအစား အသင့်အတင့်ဖြစ်တာမျိုးကို နှစ်သက်တယ်လို့ ဆိုပါတယ်။

'' ခန္ဓာကိုယ်အချိုးအစားက အကြီးကြီးပေါ့၊ နောက်တာပါ။ အသင့်အတော် ပုံစံမျိုးလေးတော့ ကြိုက်တယ်။ ခန္ဓာကိုယ် ကိတ်ကိတ်ကြီးကျတော့ လည်း ကြိုက်လား၊ မကြိုက်လားတော့ မသိဘူး။ ဒါပေမယ့် ကျွန်တော် အကိတ်ကြီးဖြစ်သွားရင် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်မှာ ကြောက်သွားတယ်။ ကျွန်တော့်ရဲ့ ဖက်ရှင်တွေကိုလည်း ဒီလိုပုံစံအတိုင်းကြီးပဲ မသွားချင်ဘူး အမြဲတမ်း Update ဖြစ်နေအောင်တော့ ကြိုးစားမှာပါ''လို့ Duwun media ကိုပြောပြခဲ့ပါတယ်။

အုပ်စိုးခန့် ကို ချစ်ခင်အားပေးကြတဲ့ သူတွေများသလို တိုက်ခိုက် ဝေဖန်ကြသူတွေကလည်း များပါတယ်။ အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချစ်နေပြီ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလို တန်ခူးမေ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က