ငယ်ငယ်က ကျန်းမာရေးမှာ ချူချာလွန်းသူပါတဲ့။

အိချောပိုက ပညာရေးမှာ ထူးချွန်တဲ့ ညီမငယ်လေးအတွက် ဝမ်းသာဂုဏ်ယူလို့ နေပါတယ်။ ညီမလေးအပေါ် ထားတဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: Ei Chaw Po



သရုပ်ဆောင် အိချောပိုက MBA ဘွဲ့ရရှိခဲ့တဲ့ ညီမငယ်လေး အိသီရိချိုမောင် အတွက် အမှတ်တရစကားတွေ ပြောပြခဲ့ပါတယ်။ မောင်နှမတွေထဲမှာ အငယ်ဆုံး ညီမလေးဖြစ်တာကြောင့်လည်း အရမ်းချစ်ခဲ့ကြတယ်လို့ ရင်ဖွင့်ပြောပြထားပါတယ်။

‘’အသက်ကြီးတဲ့အထိပညာတွေပဲဆက်သင်နေပါကလေး။ အသက်သိပ်မကွာပေမယ့် အိမ်မှာအငယ်ဆုံးလေးမို့ ကလေးလို့တစ်မိသားစုလုံးကခေါ်ကြတယ်။ ငယ်ငယ်ထဲကကျန်းမာရေးအရမ်းချူချာလို့ အားလုံးကဒီလို ပညာတွေတတ်မယ်လို့ထင်မထားခဲ့ကြဘူး။ စိတ်ချမ်းသာရင်ပြီးရောဆိုပြီးအလိုလိုက်ထားကြတယ်’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ညီမငယ် အိသီရိချိုမောင်ရဲ့ ဘွဲ့ဓာတ်ပုံတွေကို Share ရင်း ပြောပြထားတာပါ။

Photo: MIn Ko Ko

ညီမငယ် အိသီရိချိုမောင် အတွက်လည်း အိချောပိုက ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာခဲ့တဲ့ ညီမလေးက အခုဆိုရင် ပညာတတ်ကြီး တစ်ယောက်ဖြစ်လာတဲ့အတွက် ချီးကျူးစရာကောင်းပါတယ်တဲ့။

‘’သူကျန်းမာရေးချူချာလွန်းလို့ ဆေးရုံပေါ်ကမဆင်းရလွန်းလို့ သူ့ကြောင့်ကိုယ်ပါ ဆေးရုံဆေးခန်း တွေကိုကြောက်တတ်သွားတယ်။ သူ့ကိုကြည့်ပြီး စိတ်ဆင်းရဲလွန်းလို့ ကိုယ်နေမကောင်းဖြစ်ရင်တောင် ဆေးခန်းမသွားရဲလောက်အောင် ဆေးရုံဆေးခန်းကိုကြောက်စိတ်ဝင်သွားခဲ့တယ်။ ခုကျတော့လည်း သူ့အသိစိတ်ဓါတ် သူ့အရည်အချင်းက အရမ်းချီးကျူးစရာကောင်းလှပါတယ်။ ဆက်ကြိုးစားပါ။ Congratulations’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

Photo: A Lin Yaung

အိချောပို နဲ့ အိသီရိချိုမောင် တို့ ညီအစ်မ နှစ်ဦးဟာ အသက် ၃ နှစ်ကွာပါတယ်။ ညီအစ်မ နှစ်ဦးပေါင်းပြီး သီချင်းတွေလည်း အတူတူ သီဆိုထားတာတွေ့ရပါတယ်။ အခွေထွက်နိုင်ဖို့လည်း ကြိုးစားနေကြတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ အိချောပိုက ဖြေဆိုခဲ့ဖူးပါတယ်။

Photo: အိချောပို

အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အရှေ့ကိုရောက်လာတဲ့ အိချောပိုဟာ အခုဆိုရင် အရမ်းကို အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအလှအပကြောင့်လည်း ပရိသတ်တွေ အားကျရသလို ဇာတ်ရုပ်တိုင်းမှာ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်အချစ်ကို ပိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က