လူရွှင်တော် ဝိုင်းချစ်တစ်ယောက် ပညာရေးမှာ ထူးချွန်လှတဲ့ သားဖြစ်သူကြောင့် ဝမ်းသာဂုဏ်ယူလို့ နေပါတယ်. သူကတော့ လက်ရှိမှာ ချစ်ရတဲ့ ဇနီးချောနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖေဖေ ဖြစ်ပါတယ်.
Photo: ဝိုင်းချစ်
လူရွှင်တော် ဝိုင်းချစ်ရဲ့ သားဖြစ်သူ မောင်လင်းပြည့်ဖြိုးကတော့ အဌမတန်းကို A အဆင့် ထူးချွန်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်. ဝိုင်းချစ်ကတော့ သားကြီး အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့ နေပါတယ်.
'' ဒီနေ့ ကျွန်တော့်သားကြီး ဆုယူပါတယ်'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် သားဖြစ်သူရဲ့ ဆုတံဆိပ်တွေနဲ့ အတူ မိသားစု ဓာတ်ပုံလေးတွေကို အမှတ်တရ တင်ခဲ့ပါတယ်. အဲ့ဒီနောက် ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဂုဏ်ပြုစကားပြောခဲ့ပါသေးတယ်.
Photo: ဝိုင်းချစ်
လူရွှင်တော် ဝိုင်းချစ်ဟာ လက်ရှိမှာတော့ အင်ပါယာ ဆိုတဲ့ လူရွှင်တော်အဖွဲ့ နဲ့ အတူ ဇာတ်သဘင်ပွဲတွေမှာ ဖျော်ဖြေနေတာကို တွေ့ရပါတယ်. သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ တွေ့မြင်နိုင်ပါတယ်. ဝိုင်းချစ်က ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ ဟာသသရုပ်ဆောင် ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်.
photo: ဝိုင်းချစ်
ဝိုင်းချစ်ဟာ ချစ်စရာကောင်းတဲ့ သားသမီး ၃ ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်. သားကြီးရဲ့ နာမည်ကိုတော့ အိမ်ခေါ်နာမည် Lucky လို့ နာမည်ပေးထားပါတယ်. သားလတ်ကိုတော့ Happy လို့ နာမည်ပေးထားတာဖြစ်ပြီး သမီး အငယ်ဆုံးလေး နာမည်ကိုတော့ Snow လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်. ဝိုင်းချစ်ရဲ့ ဇနီးချော နာမည်ကတော့ မသက်သက်ဇော်လို့ ခေါ်ပါတယ်.
Photo: ဝိုင်းချစ်
ဝိုင်းချစ်ရဲ့ ဇနီး မသက်သက်ဇော်ဟာ အရင်တုန်းက ဇာတ်သဘင်ပွဲတွေမှာ ဖျော်ဖြေလေ့ရှိတဲ့ မင်းသမီး တစ်ဦးဖြစ်ပါတယ်. ဇနီးဖြစ်သူကို ချစ်လည်းချစ် သဝန်လည်း တိုတာကြောင့် ဝိုင်းချစ်က အိမ်ထောင်ကျပြီးတဲ့ နောက်မှာတော့ မကခိုင်းတော့ဘူးလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုထားတာ တွေ့ရပါတယ်. ရိုက်ကူးရေး၊ အငြိမ့်ပွဲတွေ မရှိတဲ့အချိန်ဆို မိသားစုနဲ့ပဲ အိမ်မှာ နွေးနွေးထွေးထွေး နေတယ်လို့ သိရပါတယ်.