သီးသန့်ခံစားခွင့်တွေလည်း ရဦးမယ်လို့ ဆိုပါတယ်။

တရားဝင်မကြေညာရသေးပေမယ့် Samsung ရဲ့ Galaxy S Series ဖုန်းသစ်တွေကို Pre-Order မှာဖို့ ကြိုစာရင်းသွင်းနိုင်ပြီလို့ ဆိုပါတယ်။ 

တောင်ကိုရီးယား စမတ်ဖုန်းကုမ္ပဏီဟာ ဖေဖော်ဝါရီမှာ ကြေညာသွားမယ့် Galaxy S Series ဖုန်းသစ်အတွက် အော်ဒါမှာယူမှုကို လက်ခံနေပါတယ်။ Samsung ဝက်ဘ်ဆိုက်မှာ Galaxy S စီးရီးဖုန်းသစ်တွေနဲ့ နောက်အသစ်ထွက်လာမယ့် Galaxy Tablet တွေအတွက် အော်ဒါမှာယူမှု လက်ခံထားတာပါ။ pre-order အတွက် reserve ကြိုလုပ်ထားသူဟာ pre-order တင်ချိန်မှာ ဒေါ်လာ ၅၀ credit ရရှိပြီး တခြားသူတွေထက်လည်း ပစ္စည်းအရင် ရမယ်လို့ ဆိုပါတယ်။ pre-order စတင်ချိန်မှာလည်း ဒီလို ကြိုစာရင်းသွင်းထားသူတွေအတွက် သီးသန့်ခံစားခွင့်တွေ ရဦးမှာ ဖြစ်ပါတယ်။ 





၂၀၂၂ အတွက် Samsung Flagship ဖုန်းသစ်တွေ ဖြစ်တဲ့ Galaxy S22 ၊ S22 Plus နဲ့ Galaxy S22 Ultra တို့ကို လာမယ့် ဖေဖော်ဝါရီ Galaxy Unpacked ပွဲမှာ မိတ်ဆက်သွားမယ်လို့ ကုမ္ပဏီရဲ့ Mobile ဌာနဥက္ကဌ TM Roh က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကစလို့ Galaxy Note Lineup သစ်ကို ဖျက်သိမ်းပြီးနောက် Galaxy S Series ဖုန်းသစ်တွေမှာ Note Series ရဲ့ အမှတ်အသားတွေ ထည့်သွင်းလာမယ်လို့ အားလုံးက ခန့်မှန်းထားကြတာပါ။ 

"၂၀၂၂ ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် Unpacked ပွဲမှာ ကျွန်တော်တို့ ဖန်တီးသမျှထဲက မှတ်သားလောက်တဲ့ အထူးခြားဆုံး Galaxy S Series ကို ကြေညာသွားမှာပါ။" လို့ TM Roh က ဆိုပါတယ်။ TM Roh ဟာ မှတ်သားလောက်အောင် စိတ်ဝင်စားစရာကောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့ Noteworthy ဆိုတဲ့ စကားကို သေချာသုံးသွားပါတယ်။ Samsung ရဲ့ ဖုန်းသစ်ဟာ နောက်တစ်ကြိမ် စမတ်ဖုန်းတွေရဲ့ အနာဂါတ်ကို အသစ်ပြင်ရေးမယ့်ဖုန်းတွေလို့လည်း သူက ဆိုပါတယ်။ 

အားလုံးကတော့ Galaxy S စီးရီးသစ်ဟာ Galaxy Note ဆန်တဲ့ ဖုန်းတွေ ဖြစ်ပြီး နောက်ဆုံးထွက် Galaxy Note 20 ဒီဇိုင်း နဲ့ S Pen Support ပါလာမယ်လို့ မျှော်လင့်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က