လူမှုကွန်ယက်ကတဆင့် ရေးသားပြောဆိုခဲ့တာပါ။

စပါးနဲ့ပွဲမပြီးခင်မှာ ဥမင်အတွင်းဝင်သွားခဲ့တဲ့ လုပ်ရပ်ကြောင့် ချယ်လ်ဆီးနဲ့ပွဲအတွက် အသင်းလူစာရင်းကနေ ရော်နယ်ဒိုတယောက် ချန်လှပ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ၃ ရက်ကြာ တဦးတည်းလေ့ကျင့်ခန်းဆင်းဖို့ကိုလည်း နည်းပြအဲရစ်တန်ဟက်ဂျ်က ညွှန်ကြားခဲ့ပြီး ရော်နယ်ဒိုရဲ့ အပြုအမူအတွက် အပြစ်ပေးခဲ့တယ်လို့ ယူဆရကာ အသင်းကလည်း နည်းပြတန်ဟက်ဂျ်ဘက်က ရပ်တည်ပေးခဲ့ပါတယ်။ 

အခုအခါမှာ သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကတဆင့် ရော်နယ်ဒိုက သူ့လုပ်ရပ်မှားယွင်းခဲ့တယ်ဆိုတာကို ဝန်ခံပြောဆိုခဲ့ပါတယ်။ သူ ရေးသားခဲ့တဲ့ထဲမှာ သူ မှားခဲ့တယ်လို့ တိုက်ရိုက်ဝန်မခံခဲ့ပေမယ့်လည်း မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်ခဲ့မိတယ်လို့ သွယ်ဝိုက်ဖော်ပြထားကာ အသင်းနဲ့ အသင်းဖော်တွေကို ကူညီဖို့အတွက် သူ ပိုမိုကြိုးစားအားထုတ်သွားမယ်ဆိုတဲ့ အကြောင်းကို ပြောဆိုခဲ့ပါတယ်။ 


"ကျနော်ငယ်ရွယ်တဲ့ဘ၀မှာကတည်းက အသက်အရွယ်အရ၊ အတွေ့အကြုံအရ ကျနော့်ထက်ကြီးမြတ်တဲ့ကစားသမားတွေရဲ့ ဥပမာတွေက အမြဲတမ်းအရမ်းအရေးပါခဲ့တယ်။ ကျနော်ကစားပေခဲ့တဲ့ အသင်းတိုင်းမှာ လူငယ်တွေရဲ့ စံပြဖြစ်လာဖို့လည်း ကိုယ့်ကိုကိုယ်ကြိုးစားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါက အမြဲတမ်းအတွက် အလုပ်မဖြစ်ခဲ့ပါဘူး၊ တခါတလေမှာ ပေါက်ကွဲမှုတွေက ကျနော်တို့ကို လွှမ်းမိုးသွားတတ်ပါတယ်"

"အခုချိန်မှာ ကျနော် ကာရင်တန်မှာ အလုပ်ပြန်ကြိုးစားရတော့မယ့်အချိန်လို့ ခံစားမိပါတယ်၊ အသင်းဖော်တွေကို အားပေးထောက်ခံဖို့နဲ့ ဘယ်ပွဲမှာမဆို အဆင်သင့်ဖြစ်နေဖို့အတွက် ကျနော်အားထုတ်သွားတော့မှာပါ၊ ဖိအားတွေပေးတာက ရွေးချယ်စရာနည်းလမ်းတခုမဟုတ်ပါဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး၊ ဒါက ယူနိုက်တက်ပါ၊ ကျနော်တို့ စည်းစည်းလုံးလုံးနဲ့ ရပ်တည်သွားရပါမယ်၊ မကြာခင်မှာ ပြန်ဆုံကြပါမယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ 


ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ယူနိုက်တက်ပရိသတ်အများအပြားကလည်း ဝေဖန်ပြစ်တင်ခဲ့ကြပြီး ပရော်ဖက်ရှင်နယ်မပီသခဲ့ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကလပ်အသင်းနဲ့ နည်းပြ၊ အသင်းဖော်တွေ၊ လူငယ်ကစားသမားတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း

လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်လို့ ရှုတ်ချခဲ့ကြပြီး တချို့ပရိသတ်တွေကတော့ အသင်းကနေ ထွက်ခွာဖို့အထိတောင်းဆိုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က