ကလပ်အသင်းဖော်လည်းဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့အတူ အောင်ပွဲခံနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရလို့ ဒဏ်ရာပြသနာက အသေးစားသာဖြစ်မယ်လို့လည်း ယူဆရပါတယ်။
အသင်းခေါင်းဆောင်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားဒဏ်ရာရရှိထားလို့ စိုးရိမ်ပူပန်နေရချိန်မှာပဲ နည်းပြဆိုးလ်ရှားအတွက် နောက်ထပ်စိုးရိမ်စရာက ဖြစ်လာခဲ့ပြန်ပါတယ်။ အဲဒါကတော့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ပြင်သစ်အတွက် ဝင်ကစားပေးခဲ့တဲ့ နောက်ခံလူဗာရန်းဟာ ပွဲကစားချိန် ၄၃ မိနစ်မှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရမှုဖြစ်ပြီး ဒါဟာ ယူနိုက်တက်ဗဟိုခံစစ်ပိုင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့တာပါ။
ဒီရာသီမှာ ယူနိုက်တက်အတွက် ဗာရန်းနဲ့ မက်ဂွိုင်းယားအတွဲအဖက်က ဗဟိုခံစစ်ပိုင်းကို အဓိကတာဝန်ယူနေရတာဖြစ်ပါတယ်။ ဗာရန်းဟာ ကွင်းပြင်ကို ထွက်ခွာခဲ့ပြီး ဒဏ်ရာကနာကျင်နေဟန်ရှိတာကို မြင်တွေ့ခဲ့ရပြီး အသေးစိတ်ကိုတော့ ဆေးစစ်ချက်တွေအပြီးမှာမှ သိရှိရမှာဖြစ်ပါတယ်။ သူ့နေရာအတွက် အခြားနောက်ခံလူ အူပါမီကာနိုကို ဒက်ချမ့်က ထည့်သွင်းအသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ဝင်ရောက်ကစားပေးနိုင်ခြင်းမရှိခဲ့ဘဲ အနားယူခဲ့ရသူဖြစ်ပါတယ်။ ဒီအတွက် သူ့နေရာမှာ လင်ဒီလော့ဖ်ကို ထည့်သွင်းကစားခဲ့ရပြီး ဗာရန်းနဲ့ တွဲဖက်ပေးခဲ့ရတာဖြစ်ပါတယ်။ တကယ်လို့သာ ဗာရန်းရဲ့ဒဏ်ရာပြသနာက ဆိုးရွားနေခဲ့မယ်ဆိုရင်တော့ ဘိုင်လီနဲ့ လင်ဒီလော့ဖ်အတွဲကို အသုံးပြုရမှာဖြစ်ပြိး လာမယ့်စနေနေ့မှာ ကစားရမယ့် လက်စတာနဲ့ပွဲအတွက် ပရိသတ်တွေ စိုးရိမ်စရာဖြစ်လာတော့မှာပါ။
ဗာရန်းဟာ ပြင်သစ်အသငး် ဆုဖလားရယူပြီးနောက် အောင်ပွဲခံခဲ့ရာမှာတော့ ပါဝင်ခဲ့ပါတယ်။ ကလပ်အသင်းဖော်လည်းဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့အတူ အောင်ပွဲခံနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရလို့ ဒဏ်ရာပြသနာက အသေးစားသာဖြစ်မယ်လို့လည်း ယူဆရပါတယ်။ ဒါပေမယ့် အနားပေးဖို့လိုအပ်လာမယ်ဆိုရင်တော့ ဆိုးလ်ရှားအတွက်လက်စတာနဲ့ပွဲက စိတ်ပူစရာတွေ ရှိလာမှာတော့ သေချာနေပါတယ်။