အယ်လ်နာဆာက ထွက်ချင်တယ်ဆိုတဲ့နောက် ပြောလိုက်တာပါ။

လီဗာပူးလ်နောက်ခံလူဟောင်း ဟိုဆေးအင်းနရစ်က အယ်လ်နာဆာကနေ ခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာချင်နေပြီဆိုတဲ့ သတင်းတွေထွက်လာအပြီးမှ ပေါ်တူဂီသားအနေနဲ့ သင်ခန်းစာယူသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စပိန်သတင်းစာ El Nacional ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဆော်ဒီကနေ ပြန်လည်ထွက်ခွာပြီး ဥရောပကို ပြန်လာချင်နေပြီလို့ သိရတာဖြစ်ပါတယ်။ 

လီဗာပူးလ်မှာ ၂၀၁၁ ကနေ ၂၀၁၆ အထိ ကစားပေးခဲ့တဲ့ နောက်ခံလူအင်းနရစ်က "ဒါက အံ့အားသင့်စရာမဟုတ်ပါဘူး၊ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး ဂန္ထဝင်တဦးက ငွေကြေးအတွက်နဲ့ အဲဒီကို သွားခဲ့တာပါ၊ ဒီတော့ ပျော်ရွှင်မှုမရှိဘူးဆိုတာက သိသာပါတယ်၊ ဘာလို့လဲဆိုတော့ ဘောလုံးက ငွေကြေးဆိုတာနဲ့ပဲ လုံလောက်တာမဟုတ်ပါဘူး"

"သင်ခန်းစာလား၊ ပိုက်ဆံက ခင်ဗျားကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး တနှစ်ကို ယူရိုသန်း ၂၀၀ အထိ ရရှိနေတာဖြစ်ပါတယ်။ သူ့အတွက် အယ်လ်နာဆာက စုစုပေါင်း ယူရိုသန်း ၅၀၀ အထိ အသုံးပြုရမှာဖြစ်ကာ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ နှစ်ဖက်စလုံးက တစုံတရာမှတ်ချက်ပြုတာမျိုးလည်း မရှိသေးပါဘူး။ 

အယ်လ်နာဆာဘက်ကတော့ ရော်နယ်ဒိုကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဆော်ဒီဘောလုံးလောက တိုးတက်လာစေဖို့အတွက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ရာ ရော်နယ်ဒိုရဲ့ ပုံရိပ်နဲ့ ကျော်ကြားမှုတွေကို အသုံးချဖို့အထိ သူတို့က ရည်ရွယ်ကာ ခေါ်ယူခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က