ဆရာတပည့်နှစ်ယောက်ကြည်နူးနေခဲ့ကြပါတယ်။

မော်ရင်ဟိုက သူ့ရုံးခန်းကိုရောက်လာခဲ့ရာမှာ ဖိနပ်လည်း ယူဆောင်လာခဲ့ပြီး ဖိလစ်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။


သူ့အသင်းတိုက်စစ်မှူးဖိလစ်အဖီနာယန်ကို ဖိနပ်ဝယ်ပေးဖို့ ကတိစကားဆိုခဲ့တဲ့အတိုင်း မော်ရင်ဟိုကတော့ ဝယ်ယူပေးလိုက်ပြီဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ အရင်ဆုံးလုပ်ရမယ့်အလုပ်က ဖိနပ်ဝယ်ပေးဖို့ဆိုတဲ့စကားကိုပြောခဲ့တဲ့ မော်ရင်ဟိုက သူ့ရုံးခန်းကိုရောက်လာခဲ့ရာမှာ ဖိနပ်လည်း ယူဆောင်လာခဲ့ပြီး ဖိလစ်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးတာနဲ့ ချက်ချင်းပဲ သူ့ရှေ့မှာ စီးခိုင်းကာ အဆင်ပြေမပြေကို ကြည့်နေခဲ့ပါတယ်။ ဖိလစ်ကတော့ သူလိုချင်တဲ့ ယူရို ၈၀၀ တန်ဖိနပ်ကို ရရှိသွားခဲ့လို့ ကျေနပ်ပျော်ရွှင်နေခဲ့ပြိး မော်ရင်ဟိုကို ပွေ့ဖက်ကာ ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဂါနာတိုက်စစ်မှူးဟာ ဂျီနိုအာနဲ့ပွဲမှာ ရိုးမားအတွက် လူစားဝင်လာပြီးနောက် အနိုင်ဂိုး ၂ဂိုးကို နောက်ဆုံးမိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ဂိုးသွင်းပြီးနောက် မော်ရင်ဟိုဆီပြေးဖက်အောင်ပွဲခံခဲ့ကာ သူ့ကိုဖိနပ်ဝယ်ပေးဖို့ ကတိပေးထားတာကို မမေ့ဖို့ သွားသတိပေးခဲ့ပါတယ်။ အခုတော့ မော်ရင်ဟိုက သူ့ကတိကို သူ အကောင်အထည်ဖော်ပေးခဲ့ပြီဖြစ်ပါတယ်။ ပရော်ဖက်ရှင်ကစားသမားဘ၀မှာ ပထမဆုံးသွင်းဂိုးတွေကို ရယူနိုင်ခဲ့တဲ့ ဖိလစ်အတွက်တော့ မမေ့နိုင်စရာအမှတ်တရလည်းဖြစ်လာခဲ့ပါတယ်။ 



ပရိသတ်တွေကတော့ ဒီမြင်ကွင်းအတွက် တော်တော်လေးကြည်နူးနေခဲ့ကြပြီး မော်ရင်ဟိုရဲ့ ကစားသမားအပေါ် စိတ်ခွန်အားပေးတဲ့နည်းလမ်းကိုပါ ချီးကျူးခဲ့ကြပါတယ်။ ကိုင်တွယ်ခဲ့ရာ အသင်းတိုင်းတွေမှာ သူနဲ့အရင်းနှိးဆုံးကစားသမားတစ်ဦးမဟုတ်တစ်ဦး ရှိနေခဲ့တဲ့ မော်ရင်ဟိုအတွက်တော့ ဖိလစ်က ရိုးမားမှာ သူနဲ့ အရင်းနှီးဆုံး၊ အားအကိုးရဆုံးကစားသမားဖြစ်လာတော့မှာလားဆိုပြီးတော့လည်း ခန့်မှန်းနေကြပါပြီ။ 

Share

Loading Next Article...
က္က