ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာယူ-၂၂ အသင်းဟာ ဖိလစ်ပိုင်နဲ့ ကစားခဲ့ရာမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။ တဖက်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အနိုင်ရပြီး ဖိလစ်ပိုင်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အုပ်စုအဆင့်က လှည့်ပြန်ရမှာမို့ မြန်မာက ဒီပွဲကို အာရုံစိုက်ကစားခဲ့ပါတယ်။
မြန်မာက အနိမ့်ဆုံးသရေကစားနိုင်ရင် အခြေအေနကေင်းမှာမဖြစ်ပြီး ဖိလစ်ပိုင်က မဖြစ်မနေအနိုင်ရဖို့တော့ လိုအပ်နေခဲ့တာပါ။ ဒါပေမယ့် မြန်မာက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ရရှိခဲ့တဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
တဖက်မှာတေ့ ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အရေးနိမ့်နေခဲ့လို့လည်း မြန်မာအသင်းက စိတ်အေးလက်အေးကစားခဲ့ရပါတယ်။ ဒါပမေယ့်လည်း ပွဲချိန် ၈၃ မိနစ်မှာ မြန်မာကစားသမားတဦး အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်မိနစ်တွေကိုတော့ ထိန်းထိန်းသိမ်းသိမ်းကစားခဲ့ရပါတယ်။
ဆီးဂိမ်းဘောလုံးမှာတော့ မြန်မာအမျိုးသမီးအသင်းနဲ့ မြန်မာယူ-၂၂ တို့ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ မြန်မာအသင်းဟာ တဖက်အုပ်စုက အုပ်စုပထမနေရာရဖွယ်ရှိတဲ့ ထိုင်းနဲ့ ရင်ဆိုင်ရဖွယ်ရှိကာ ပွဲကျပ်ကစားရမှာလည်းဖြစ်ပါတယ်။ အဆိုပါအုပ်စုမှာတော့ ထိုင်းနဲ့ ဗီယက်နမ်က နောက်တဆင့်တက်ခဲ့ကာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ ကစားရဖွယ်ရှိနေပါတယ်။