အာဆီယံ ဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဖိလစ်ပိုင်ကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်းရဲ့ ဒုတိယပိုင်းကစားပုံကို ကျေနပ်မိကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

" ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ ဒီပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ အခွင့်အရေး တစ်ချို့လည်း ရခဲ့တယ်။ ဒါပေမယ့် ၃ ဂိုးစီ သရေရလဒ်တော့ မဖြစ်ခဲ့ဘူး။ ဒုတိယပိုင်းမှာ အသင်းက အပြောင်းအလဲ အချို့ လုပ်ခဲ့တဲ့အတွက် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကိုတော့ ကျေနပ်မိပါတယ် “ လို့ အန်တွမ်နီဟေးက ဆိုပါတယ်။

Photo: AFF

သရေကျတာက မျှတတဲ့ ရလဒ် ဖြစ်နိုင်ပေမယ့် အနိုင်ရခဲ့တဲ့ ဖိလစ်ပိုင်အသင်းကို ဂုဏ်ပြုကြောင်း အန်တွမ်နီဟေးက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဖိလစ်ပိုင်အသင်းက ပထမပိုင်းမှာ သုံးဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှာ မြန်မာအသင်းက နှစ်ဂိုး ပြန်လည်ချေပနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆူဇူကီးပြိုင်ပွဲတွင် ဒုတိယမြောက် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း ဖိလစ်ပိုင်နည်းပြချုပ် စတီးဝပ်ဟောက မြန်မာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ “ ဒီညပွဲကို ခြုံပြီး ပြောရရင် ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ အသင်းက ပထမပိုင်းမှာ ကောင်းခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပွဲကို ကောင်းကောင်း မထိန်းနိုင်ခဲ့ဘူး။ စင်ကာပူနဲ့ ကစားခဲ့တဲ့ပွဲမှာ အလားတူ အမှားမျိုး လုပ်ခဲ့သလိုပါပဲ “ လို့ စတီးဝပ်ဟောက ဆိုခဲ့ပါတယ်။မြန်မာအသင်းဟာ အာဆီယံ ဆူဇူကီးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ အပြီးမှာ ရမှတ် သုံးမှတ်သာ ရရှိခဲ့တဲ့အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ခြင်း မရှိဘဲ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Share

က္က