ကမ္ဘာကျော် အီဖယ်မျှော်စင်နဲ့ အလှမ်းမဝေးတဲ့နေရာမှ ဖြစ်ပွားခဲ့တာပါ။

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ လူချမ်းသာရပ်ကွက်တစ်ခုရှိ အဆောက်အအုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပတယ်လို့ဆိုပါတယ်။

(Photo: Twitter/BSPP)

ပြင်သစ်ဒေသစံတော်ချိန် တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၄ ရက်) ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း မီးသတ်တပ်ဖွဲ့ဝင် သုံးဦးအပါအဝင် လူ ၃၁ ဦး ကျော်လည်း ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက်တစ်ဦးဟာ ဒဏ်ရာပြင်းထန်ပါတယ်။ "အဆောက်အအုံရဲ့ ၇ ထပ်နဲ့ ၈ ထပ်မှာ မီးလောင်နေတုန်းပဲဖြစ်လို့ သေဆုံးဒဏ်ရာရသူ အရေအတွက် ဆက်ပြီးမြင့်တက်လာနိုင်သေးတယ်" လို့ ပါရီမြို့ မီးသတ်ဌာနမှ ပြောခွင့်ရအမျိုးသားက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။



(Photo: AP)

အထပ် ၈ ထပ်ပါ အဆောက်အအုံ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးပါဘူး။ တနင်္လာနေ့ ညပိုင်းက အဆိုပါ အဆောက်အအုံရဲ့ အထပ် ၂ ထပ်မှာ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေထိုင်သူအချို့ဟာ မီးလောင်မှုနဲ့ မီးခိုးများအန္တရာယ်မှလွတ်အောင် ကပ်လျက်တည်ရှိတဲ့ အဆောက်အအုံ ခေါင်းမိုးများပေါ်ကို ဖက်တွယ်တက်ရောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

(Photo: AFP)

မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်က မီးငြှိမ်းသတ်ခဲ့ကြပြီး ခေါင်းမိုးတွေပေါ်မှာ ရောက်ရှိနေခဲ့သူတွေကို ကယ်တင်ခဲ့ကြပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၅ ရက်) ဒေသစံတော်ချိန် ၃ နာရီ ၃၀ မိနစ်ခန့်မှာ အဆောက်အအုံအတွင်း ရှိနေသူတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းမှုပြီးဆုံးခဲ့ပေမဲ့ မီးလောင်မှုကို ဆက်လက်ငြှိမ်းသတ်နေရဆဲ ဖြစ်တယ်လို့ AFP သတင်းက ပြောပါတယ်။

ယခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံဟာ ပါရီမြို့ရဲ့ လူချမ်းသာရပ်ကွက်မှာရှိပြီး ကမ္ဘာကျော် အီဖယ်မျှော်စင်နဲ့ အလှမ်းမဝေးကြောင်းလည်း သိရပါတယ်။ မီးလောင်မှုကို အီဖယ်မျှော်စင်မှာလည်း ကြိုတင်ကာကွယ်မှုအဖြစ် ရွှေ့ပြောင်းရှင်းလင်းမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က