အယ်လ်နက်ဆရီကို ခေါ်ယူခဲ့တာပါ။

ဖီနာဘာချီနည်းပြ မော်ရင်ဟိုဟာ အသင်းသစ်မှာ စိန့်မက်ဆီမင်၊ တိုဆန်တို့လို တိုက်စစ်ကစားသမားတွေကို ခေါ်ယူထားပြီး သူ့ရဲ့ နောက်ထပ်ခေါ်ယူမှုက တူရကီဘောလုံးလိဂ်မှာ သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဖီနာဘာချီဟာ ဆီဗီလာ တိုက်စစ်ကစားသမား အယ်လ်နက်ဆရီကို ပြောင်းရွှေ့ကြေး ယူရို သန်း (၂၀) ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီကစားသမားက တူရကီလိဂ်မှာ သမိုင်းတစ်လျှောက် စျေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အယ်လ်နက်ဆရီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းတွေအပါအဝင် ရိုးမားတို့နဲ့ ဖီနာဘာချီတို့က အပြိုင်ကြိုးစားခဲ့တာပါ။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဖီနာဘာချီကို ရွေးချယ်ခဲ့ပြီး မော်ရင်ဟိုက သူ့စိတ်ကြိုက် ကစားသမားကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ အသင်းဟောင်းရိုးမားကိုလည်း ဒီဖြစ်ရပ်မှာ နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုလိုမျိုး စံချိန်တင်အပြောင်းအရွှေ့ဖြစ်ခဲ့တာကလည်း မော်ရင်ဟိုနဲ့ ဖီနာဘာချီအတွက် ကျေနပ်အားရစရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ ဖီနာဘာချီက ချန်ပီယံလိဂ်ခြေစစ်ပွဲ ဆင်နွှဲနေပြီး လူဂါနိုနဲ့ ပထမအကျော့မှာတော့ ၃-၄ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဖီနာဘာချီအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ကစားချင်ရင်တော့ နောက်ထပ် ခြေစစ်ပွဲအဆင့် နှစ်ဆင့်ကို ဖြတ်ကျော်ရဦးမှာပါ။

Share

Loading Next Article...
က္က