အသင်းပရိသတ်တွေနဲ့ ပထမဆုံးမိတ်ဆက်ခဲ့တာပါ။

ဖီနာဘာချီနည်းပြသစ်ဖြစ်လာခဲ့တဲ့ မော်ရင်ဟိုက ဖီနာဘာချီရဲ့ဂျာစီကို သူ့ရဲ့ အရေပြား၊ အသွေးအသားအဖြစ် တင်စားပြောဆိုလိုက်ပါတယ်။ အဆိုပါ ပေါ်တူဂီလူမျိုးနည်းပြကြီးက ဖီနာဘာချီနဲ့အတူ (၂) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်တာပါ။


အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာပဲ မော်ရင်ဟိုက “အရင်ဆုံးအနေနဲ့ ကျွန်တော် ဒီအသင်းနဲ့ ပထမဆုံး အခိုက်အတန့်မှာတင် ခံစားရတဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်နာမည်နဲ့ ဖီနာဘာချီက တစ်သားတည်း ဖြစ်နေပါပြီ။ ပုံမှန်အားဖြင့် နည်းပြတစ်ယောက်က အောင်ပွဲတွေရမှ အချစ်ခံရတာပါ”


“ဒါပေမယ့် ကျွန်တော်ကတော့ အောင်ပွဲတွေမရခင်ကတည်းက အချစ်ခံနေရပါပြီ။ ကျွန်တော့်အတွက် ဒါက ကြီးမားတဲ့ တာဝန်တစ်ခုပါပဲ။ ဖီနာဘာချီဂျာစီက ကျွန်တော့်ရဲ့ အရေပြားပါပဲ။ ဘောလုံးက ကျွန်တော် စိတ်အားထက်သန်ရာ၊ ဒီလိုမျိုး ခံစားရတာလောက် ပိုကောင်းတဲ့ နေရာမရှိတော့ပါဘူး”

“ကျွန်တော် တူရကီ ဘောလုံးလောက၊ တူရကီလိဂ်အတွက် အလုပ်လုပ်ချင်တယ်၊ တိုးတက်စေချင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဖီနာဘာချီပါပဲ။ အခု ခင်ဗျားတို့ရဲ့ အိပ်မက်က ကျွန်တော့်ရဲ့အိပ်မက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ရောက်လေရာအသင်းတိုင်းမှာ အောင်မြင်မှု ရရှိခဲ့တဲ့ နည်းပြလို့ ပြောရမှာပါ။ ဒါပေမယ့် စပါးမှာတော့ အောင်မြင်မှုမရရှိခဲ့ဘဲ ဖိုင်နယ်ပွဲကစားခါနီးမှ အထုတ်ခံရဖူးပါတယ်။ နောက်ဆုံးကိုင်တွယ်ခဲ့တာကတော့ ရိုးမားဖြစ်ပြီး မော်ရင်ဟိုကတော့ ရာသီသစ်မှာ အတွေ့အကြုံအသစ်တွေကို ရရှိတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က