ရက်ကလစ်ဖ်နဲ့ပတ်သက်လို့ ဖွင့်ဟခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ အသင်းပိုင်ရှင်အပြောင်းအလဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ရှယ်ယာတွေရဲ့ (၂၅) ရာခိုင်နှုန်းကို ဆာဂျင်မီရက်ကလစ်ဖ်က ဝယ်ယူတော့မှာပါ။



အသင်းရဲ့ အဓိကရှယ်ယာတွေကို ဂလေဇာမိသားစုက ဆက်လက်ထိန်းချုပ်ထားဆဲဆိုပေမယ့် ရက်ကလစ်ဖ်က အသင်းကို ဖြည်းဖြည်းချင်း အလုံးစုံ ထိန်းချုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ လတ်တလောမှာတော့ ရက်ကလစ်ဖ်က အသင်းရဲ့ အားကစားရေးရာကိစ္စတွေကို စတင်တာဝန်ယူမှာပါ။

အဲ့ဒါကြောင့်လည်း အသင်းရဲ့ အားကစားရေးရာ အကြီးအကဲတွေဖြစ်တဲ့ ဂျွန်မာတာ့ဖ်၊ ရစ်ချက်အာနိုးလ်တို့ ရာထူးကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ရက်ကလစ်ဖ်ကတော့ အားကစားဒါရိုက်တာကို အရင်ဆုံးခန့်အပ်ပြီး အသင်းကို စီမံခန့်ခွဲဖို့ စတင်ပြင်ဆင်နေပါတယ်။

ဒီလိုမျိုး ရက်ကလစ်ဖ်နဲ့ ပတ်သက်လို့ ဖာဂူဆန်က “ကျွန်တော်က အခုချိန်အထိ ယူနိုက်တက်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေဆဲပါ။ ရက်ကလစ်ဖ်အကြောင်းကိုလည်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူ ဘာတွေလုပ်မလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ”
“ဒါပေမယ့် ရက်ကလစ်ဖ် အသင်းကို စတင်တာဝန်ယူမှာနဲ့ပတ်သက်လို့ ကျွန်တော် အကောင်းမြင်တဲ့ဘက်ကရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရက်ကလစ်ဖ် စတင်တာဝန်ယူမယ့် (၂၀၂၄) ခုနှစ်မှာ ယူနိုက်တက်ကို ကစားသမားပိုင်းအရ ကြီးကြီးမားမား အပြောင်းအလဲလုပ်သွားမယ်လို့လည်း သတင်းထွက်နေပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က