မကြာခင် ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က သူ့အနေနဲ့ အသင်းရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူထားတဲ့ ရက်ကလစ်ဖ်တို့အုပ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့ပါတယ်။ ရက်ကလစ်ဖ်ပိုင်ဆိုင်တဲ့ INEOs ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ရက်ကလစ်ဖ်က အသင်းရဲ့ အားကစားဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝ ထိန်းချုပ် ကွပ်ကဲခွင့်ရရှိသွားပါပြီ။ ရက်ကလစ်ဖ်လက်ထက်မှာ ရောင်းထုတ်မယ့် ကစားသမားစာရင်း ထွက်ပေါ်လာခဲ့သလို တန်ဟက်ခ်ကလည်း ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေရှိကြောင်း သတင်းထွက်နေပါတယ်။

ဒါပေမယ့် တန်ဟက်ခ်ကတော့ “သူတို့က ကျွန်တော်နဲ့ အလုပ်တွဲလုပ်ချင်သလို ကျွန်တော်ကလည်း သူတို့နဲ့ အလုပ်တွဲလုပ်ချင်ပါတယ်။ ကျွန်တော်တို့အကြားထဲမှာ စကားပြောဆိုဖို့တွေ၊ အစည်းအဝေးတွေ မကြာခင်ရှိလာမှာဖြစ်ပြီး စောင့်ကြည့်ကြတာပေါ့။​ ကျွန်တော့်အချိန်ဇယားက တအားကျပ်နေတော့ သူတို့နဲ့ စကားပြောဖို့ အချိန်မရသေးပါဘူး”

“ဒါပေမယ့် စကားပြောဖြစ်လာမှာပါ။ အချိန်လည်းရှိလာမှာပါ။ ကျွန်တော်က ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ခဲ့တာကြောင့် အခြားအနှောင့်အယှက် အဝင်မခံခဲ့ပါဘူး။ လာမယ့်ရက်တွေမှာတော့ အချိန်တွေ ပိုရှိလာမှာဖြစ်ပြီး ကျွန်တော်လည်း ပိုပို သိလာပါလိမ့်မယ်”

“ဒါက ကောင်းမွန်တဲ့အရာလို့ ကျွန်တော်ထင်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စပါ။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ဒီအသင်းရဲ့ တည်ဆောက်ပုံအတွင်းမှာ အလုပ်လုပ်စေချင်ပြီး ကျွန်တော်ကလည်း သူတို့နဲ့အတူတူ အလုပ်တွဲလုပ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က