ပိုင်ရှင်အသစ်နဲ့အနာဂတ်အသစ်ကို နယူးကာဆယ် ပရိသတ်တွေ ရင်ခုန်နေကြတာပါ။

နယူးကာဆယ်ကို ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်က ဝယ်ယူဖို့ သေချာသလောက်ဖြစ်လာတဲ့နောက် ဒီအသင်းက ပရီးမီးယားလိဂ်မှာ ငွေကြေးနဲ့အတူ အင်အားကြီးအသင်းတစ်သင်းဖြစ်လာမယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။



ဘင်ဆာလ်မန်ဟာ လက်ရှိအသင်းပိုင်ရှင် မိုက်အက်ရှ်လေဆီက နယူးကာဆယ်ကို ပေါင်သန်း (၃၀၀) နဲ့ ဝယ်ယူမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တည်းက ငြိမ်သက်သွားတဲ့ ဒီအရောင်းအဝယ်ကိစ္စက အခုချိန်မှာ ပြန်လည် လှုပ်ခတ်လာခဲ့တာပါ။ ဘင်ဆာလ်မန်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက်လည်း သတင်းတွေထွက်ခဲ့ဖူးတဲ့သူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဘင်ဆာလ်မန် နယူးကာဆယ်ကို ဝယ်ယူဖို့ ကြိုးစားချိန်က သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် နိုင်ငံတွင်း ပရီးမီးယားလိဂ်ပွဲတွေကို တရားမဝင်ပြသနေတဲ့ ရုပ်သံဌာနရဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေတာကြောင့် ဘင်ဆာလ်မန်ကို ပရီးမီးယားလိဂ်က လက်မခံဖို့ ကဏ္ဍအသီးသီးက သတိပေးကန့်ကွက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အခြေအနေတွေ ပြန်လည်ပြောင်းလဲသွားခဲ့တာကြောင့် နယူးကာဆယ် ပရိသတ်တွေကလည်း တစ်ချိန်က အမ်ဘာပေကို ခေါ်ယူနိုင်ရေး သူတို့ရဲ့မူလအိပ်မက်အတွက် ဆိုရှယ်မီဒီယာပေါ်မှာ ဟာသဆန်ဆန် နောက်ပြောင်နေကြတာပါ။

နယူးကာဆယ် ပရိသတ်တစ်ယောက်ကလည်း “အမ်ဘာပေက နယူးကာဆယ်ဟာ သူအမြဲတမ်းချစ်ခင်ခဲ့ရတဲ့အသင်း၊ ဘင်အာဖာရဲ့ ကစားပုံကို ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်ဆိုပြီး ပြောနေတာကို ခင်ဗျားတို့ စိတ်ကူးယဥ်ကြည့်စမ်းပါ” လို့ နောက်ပြောင်ခဲ့ပါသေးတယ်။

အနီးစပ်ဆုံးအနေနဲ့ကတော့ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီးခဲ့ရင် လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့အနာဂတ်က တော်တော်လေးလှုပ်ခတ်လာနိုင်ပြီး နယူးကာဆယ် နည်းပြသစ် ဘယ်သူဖြစ်မလဲဆိုတဲ့ ထင်ကြေးတွေ အခုတည်းက ထွက်ပေါ်နေပါပြီ။

လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ပရိသတ်တွေက စိတ်တိုင်းမကျဘဲ သူ့နေရာကို အစားထိုးမယ့် နည်းပြတွေအဖြစ် ကွန်တီ၊ ဘင်နီတက်ဇ်၊ လမ်းပတ်၊ မော်ရင်ဟို၊ မန်စီနီတို့က အသီးသီး ရေပန်းစားလာခဲ့ပြီလို့လည်း သိရှိရပါတယ်။ 

Share

က္က