ပရိသတ်ပေါင်း ၂၀၀၀ ကျော်အထိ တန်းစီနေကြတာပါ။

ထောင်နဲ့ချီတဲ့ အသင်းပရိသတ်တွေဟာ စိန့်ဂျိမ်းစ်ပတ်ကွင်းရှေ့မှာ လက်မှတ်ဝယ်ယူဖို့အတွက် စောင့်ဆိုင်းတန်းစီနေခဲ့ပြီး သမိုင်းဝင်အပြောင်းအလဲတစ်ခုကို ကူးပြောင်းမှုမှာ လိုက်ပါစီးမျောနေကြပြီဖြစ်ပါတယ်။


အသင်းပိုင်ရှင်သစ်အဖြစ် ဆော်ဒီစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ PIF က လက်လွှဲဝယ်ယူခဲ့ပြီးနောက် နယူးကာဆယ်ပရိသတ်တွေဟာ တော်တော်လေးပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။ ပိုင်ရှင်ဟောင်းမိုက်အက်ရှ်လေလက်ထက်မှာ နယူးကာဆယ်က တိုးတက်မှုတွေ နှေးကွေးနေခဲ့ပြီး အသင်းအခြေအနေက နိမ့်တခါမြင့်တလှည့်ဖြစ်ခဲ့ပြီးနောက် အခုဆိုရင် ငှက်ကျားတွေဟာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးကလပ်အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 



The Sun ရဲ့ ဖော်ပြထားချက်အရ နယူးကာဆယ်ပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ဟာ ပေါင် ၃၂၀ ဘီလီယံအထိ ကြွယ်ဝတယ်လို့ သိရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းအားလုံးကို ဝယ်ယူနိုင်တဲ့ပမာဏဖြစ်ပြီး နယူးကာဆယ်ပရိသတ်တွေအတွက်တော့ သူတို့အသင်းမှာ နာမည်ကျော်ကစားသမားတွေကို မြင်တွေ့ရဖို့ အခွင့်အလမ်းတွေ များပြားသွားခဲ့ပြီဖြစ်ပါတယ်။ 

ဒီလိုမျှော်လင့်ချက်တွေနဲ့အတူ အသင်းပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ငှက်ကျားပရိသတ်တွေဟာ တစ်ရာသီစာလက်မှတ်ကို အပြိုင်အဆိုင်ဝယ်ယူမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ထောင်နဲ့ချီတဲ့ အသင်းပရိသတ်တွေဟာ စိန့်ဂျိမ်းစ်ပတ်ကွင်းရှေ့မှာ လက်မှတ်ဝယ်ယူဖို့အတွက် စောင့်ဆိုင်းတန်းစီနေခဲ့ပြီး သမိုင်းဝင်အပြောင်းအလဲတစ်ခုကို ကူးပြောင်းမှုမှာ လိုက်ပါစီးမျောနေကြပြီဖြစ်ပါတယ်။



ဇူလိုင်လအတွင်းကတည်းက တစ်ရာသီစာလက်မှတ်တွေကို ရောင်းချပေးနေခဲ့တာဖြစ်ပေမယ့်လည်း ကုန်စင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ အခုအခါမှာ လူပေါင်း ၂၀၀၀ လောက် တန်းစီဝယ်ယူနေတာလို့ သိရပြီး အသင်းပရိသတ်တွေဟာ တွစ်တာ၊ Facebook တို့လို လူမှုကွန်ရက်တွေမှာလည်း သူတို့တွေမှာ မျှော်လင့်ချက်ရှိနေပြီဆိုတဲ့အကြောင်း ရေးသားကာ အောင်ပွဲခံနေခဲ့ကြပါတယ်။ 

အသင်းပိုင်ရှင်သစ်ရဲ့ ရင်းနှီးမြုပ်နှံမယ့်အကြောင်းတွေကလည်း စိတ်လှုပ်ရှားစရာကောငး်နေခဲ့ပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်တယ်လို့လည်း ရေးသားခဲ့ကြပါတယ်။ ပရိသတ်အများစုဟာ ပိုင်ရှင်သစ်ကို အားရဝမ်းသာကြိုဆိုနေခဲ့ကြပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အထိ မျှော်လင့်နေကြကာ အသင်းအပေါ် စိတ်ဝင်စားမှုတွေ ပြန်လည်မြင့်တက်ခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က