OneLove လက်မောင်းပတ်ဝတ်ဆင်ကစားသွားမှာပါ။

ဆီနီဂေါနဲ့ ကစားရမယ့် နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ OneLove လက်မောင်းပတ်ကို ဝတ်ဆင်ကစားသွားမယ်လို့ ဗန်ဒိုက်က ပြောဆိုလိုက်ပါတယ်။ ဟော်လန်အသင်းခေါင်းဆောင်က သူတို့ရဲ့ ယုံကြည်ချက်နဲ့ အယူအဆကို ပြောင်းလဲသွားမှာမဟုတ်ဘဲ ဒီလိုမျိုးတွေမဝတ်ဆင်ဖို့ သတိပေးတားမြစ်နေမှုတွေကို လိုက်နာမှာမဟုတ်ဘူးလို့ လူသိရှင်ကြားပြောဆိုလိုက်တာပါ။ 

နယ်သာလန်ဟာ ကာတာကိုရောက်အပြီးမှာလည်း ရွှေ့ပြောင်းလုပ်သားတွေနဲ့ တွေ့ဆုံခဲ့ကာ လုပ်ငန်းခွင်အခြေအနေတွေကို ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီနောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ လေ့ကျင့်ရေးကွင်းမှာ ဘောလုံးအတူတူကန်ခဲ့ကြပြီး ကာတာမှာ ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကို မျှဝေခံစားပေးခဲ့ပါတယ်။

ဗန်ဒိုက်က "မနက်ဖြန်မှာ OneLove လက်မောင်းပတ်ကို ကျနော်ဝတ်ဆင်သွားမှာပါ၊ ကျနော်တို့ရဲ့ အမြင်ကို ပြောင်းလဲပစ်စရာမရှိပါဘူး၊ တကယ်လို့သာ အဲဒီလိုဝတ်ဆင်လို့ ကျနော့်ကို အဝါကတ်ပြမယ်ဆိုရင်တော့ အဲဒီအတွက် ဆွေးနွေးသွားမှာပါ၊ အဝါကတ်အပြခံရပြီး ကစားရတာကို ကျနော်သဘောမကျဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

အင်္ဂလန်နဲ့ ဝေးလ်တို့ကလည်း အီရန်၊ အမေရိကန်တို့နဲ့ကစားရမယ့် သူတို့ရဲ့ အုပ်စုအဖွင့်ပွဲတွေမှာ အလားတူဝတ်ဆင်မှုမျိုးတွေ ပြုလုပ်သွားမယ်လို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် အခုအခါ ဟယ်ရီကိန်းက ဝတ်ဆင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ကာတာမှာတော့ လိင်တူဆက်ဆံမှုနဲ့ လိင်တူချစ်ကြိုက်မှုကို ရာဇာဝတ်မှုအဖြစ် သတ်မှတ်ရှုတ်ချထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါဖြစ်ရပ်တွေအပေါ် အားပေးလှုံ့ဆော်မှုတွေကို ဘောလုံးကွင်းအတွင်းမပြုလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ 

ဒီ OneLove လက်မောင်းပတ်ကို ဝတ်ဆင်ကစားခြင်းဖြင့် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တယ်ဆိုတဲ့ သတင်းစကားကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ အခုလိုပြောဆိုခဲ့မှုကြောင့် ဆီနီဂေါနဲ့ ကစားရမယ့်ပွဲမှာ ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရပါတော့မယ်။ 

Share

Loading Next Article...
က္က