ဂိုးပေးခဲ့သင့်တယ်လို့ တွက်ချက်ပြခဲ့ကြတာပါ။

အာဂျင်တီးနားနဲ့ ဆော်ဒီပွဲမှာတော့ အာဂျင်တီးနားရဲ့ သွင်းဂိုး ၃ ဂိုးဟာ လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီလိုမျိုးအဖြစ်နဲ့အတူ အာဂျင်တီးနားလည်း ဆော်ဒီကို အရေးနိမ့်ခဲ့ပြီး ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကမောက်ကမရလဒ်ကတော့ ပထမဆုံးထွက်ပေါ်လာခဲ့ပါတယ်။ မက်ဆီရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားဟာ လူကျွံဂိုးတွေချည်းဖြစ်နေခဲ့လို့ နောက်ထပ်ဂိုးတွေမရခဲ့ဘဲ ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးခံရပြီး အရေးနိမ့်ခဲ့တာပါ။ 

အဲဒီပွဲမှာ အာဂျင်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်ရဲ့ လူကျွံသွင်းဂိုးမှာ ဖီဖာရဲ့ ဆုံးဖြတ်ချက်က အမှားကြီးမှားခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။ မာတီနက်ဇ်ဟာ လူကျွံထောင်ချောက်ကနေ ထွက်ပြီး ဂိုးသမားနဲ့ တဦးချင်းအတွေ့မှာ အသာလေးကျော်သွင်းကန်ယူခဲ့ပြီး လှပတဲ့သွင်းဂိုးတဂိုးကို ပုံဖော်ခဲ့ပေမယ့် VAR က သူ့ရဲ့ လက်တဖက် ကျွံနေတယ်ဆိုပြီး သတ်မှတ်ခဲ့ကာ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။



အဆိုပါသွင်းဂိုးအနေအထားကို အသေးစိတ်ပြန်လည်ပြီးတော့ လေ့လာခဲ့ကြပြီးနောက် VAR ဒိုင်လူကြီးတွေဟာ မာတီနက်ဇ်နဲ့ အနီးစပ်ဆုံးရှိနေတဲ့ ဆော်ဒီကစားသမားနဲ့သာ တိုင်းတာခဲ့ကြပြီး ဒီဘက်မှာရှိနေခဲ့တဲ့ ဆော်ဒီက နံပါတ် ၁၃ ကစားသမားကို လျစ်လျူရှုခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဓာတ်ပုံမှတ်တမ်းအရ မာတီနက်ဇ်ရဲ့လက်နဲ့ ဆော်ဒီက နံပါတ် ၁၃ တို့ဟာ တတန်းတည်းမှာရှိနေခဲ့ပြီး လူကျွံတာမဟုတ်ဘူးလို့ ညွှန်ပြနိုင်ခဲ့ပါတယ်။ 

ပရိသတ်တဦးက "ဒီပုံမှာ မာတီနက်ဇ်က လူကျွံတယ်ဆိုပြီး ဂိုးမပေးခဲ့ဘူး၊ အမှန်တရားကဘာလဲ" လို့ ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "ဖီဖာက အံ့အားသင့်စရာအမှားကိုလုပ်ခဲ့တာပဲ၊ တကယ်ကို ဆိုးရွားတဲ့အမှားပါ၊ ပွဲကပြီးသွားဆိုတာသိပါတယ်၊ ဒါပေမယ့် မာတီနက်ဇ်က လူမကျွံခဲ့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

အခြားတဦးကလည်း "သူတို့က လူကျွံလိုင်းတခုလုံးကို အသုံးချရမယ့်အစား မာတီနက်ဇ်နားက ကစားသမားနဲ့ပဲ တွက်ချက်ခဲ့တယ်၊ စည်းကမ်းသစ်တွေလုပ်ထားပြီးတော့ ကမ္ဘာ့ဖလားအတွက် VAR ကို ပြောင်းလဲထားတယ်၊ ဒါပေမယ့် အဆိုးရွားဆုံးကိုပဲ လုပ်နေတာ" လို့ ပြောဆိုခဲ့ကာ ဒီသွင်းဂိုးဟာ ဂိုးပေးခဲ့သင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က