၂ နှစ်ဆက်တိုက်ရရှိခဲ့တာပါ။

မနေ့က ကျင်းပခဲ့တဲ့ ဖီဖာ The Best တနှစ်တာအကောင်းဆုံးဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဆွတ်ခူးခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ၂ နှစ်ဆက်တိုက်ဆွတ်ခူးမှုဖြစ်လာခဲ့ပြိး ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့မှုကို အစားထိုးဖြေသိမ့်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုကို နာမည်ပြောင်းပေးအပ်စဉ်ကစပြီး ၂ နှစ်ဆက်ရရှိတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ 

ရော်နယ်ဒိုက ဒီဆုကို ၂ နှစ်ဆက်တိုက်ဆွတ်ခူးထားခဲ့ဖူးပြီး အခုအခါ လီဝန်ဒေါစကီးက သူ့စံချိန်ကို လိုက်မီခဲ့တာပါ။ ပိုလန်တိုက်စစ်မှူးဟာ နောက်ဆုံးဆန်ခါတင်အဆင့်မှာ မက်ဆီ၊ ဆာလာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီးတော့ ထိုက်ထိုက်တန်တန်ရွေးချယ်ခံခဲ့ရလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနှစ်တာအတွင်းမှာ လီဝန်ဒေါစကီးက ဂိုးပေါင်း ၆၉ ဂိုးအထိ ရရှိခဲ့ပြီး ဂတ်မူလာရဲ့ ဘွန်ဒက်လီဂါဂိုးသွင်းစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။ 


"ဒီညမှာ ဆုရရှိခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျနော့်အတွက် ကြီးမားတဲ့ဂုဏ်ပြုမှုပါ၊ မယုံနိုင်လောက်စရာခံစားချက်မျိုးကို ခံစားရပါတယ်၊ ဘောလုံးက ကမ္ဘာ့အားကစားဖြစ်ပြီး လူတွေကိုချိတ်ဆက်ပေးတဲ့ နည်းလမ်းက အခြားအရာတွေနဲ့ မတူပါဘူး၊ နိုင်ငံတိုင်းမှာနားလည်နိုင်တဲ့ ဘာသာစကားလည်းဖြစ်ပါတယ်၊ ဘိုင်ယန်မြူးနစ်၊ ပိုလန်နိုင်ငံအတွက်လည်း ကျနော်ဂုဏ်ယူရပါတယ်" လို့ လီဝန်ဒေါစကီးက ပြောဆိုခဲ့ပါတယ်။ 

တနှစ်တအကောင်းဆုံးကစားသမားဆုနဲ့အတူ အကောင်းဆုံးဂိုးသမားဆုကို ချယ်လ်ဆီးက မန်ဒီ၊ အကောင်းဆုံးသွင်းဂိုးဆုကိုတော့ အာဆင်နယ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ လာမီလာရဲ့ သွင်းဂိုး၊ အကောင်းဆုံးနည်းပြဆုကို ချယ်လ်ဆီးနည်းပြတူချယ်လ်နဲ့ Fair Play Award ကိုတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အဲရစ်ဆန်ကို ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဆေးအဖွဲ့တို့က ရရှိခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က