The Best ဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပဲရစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဖီဖာရဲ့ ၂၀၂၂ ခုနှစ်အတွက် The Best တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိဖို့အတွက် ဆန်ခါတင် ၁၄ ဦးစာရင်းထဲမှာ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ဂုဏ်သိက္ခာကြီးမားတဲ့ တစ်ဦးချင်းဆုအတွက် အခြား ဆန်ခါတင် ၁၃ ဦးနဲ့အတူ ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပြီး The Best ဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပဲရစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီနဲ့အတူ ဆန်ခါတင် ၁၄ ဦးစာရင်းထဲမှာ ယူလီယန် အယ်လ်ဗာရက်ဇ်၊ ဂျုဒ် ဘယ်လင်ဟမ်၊ ဘန်ဇီးမား၊ ဒီဘရိုင်းနား၊ ဟာလန်း၊ ဟာကီမီ၊ လီဗန်ဒေါ့ဗ်စကီး၊ ဆာဒီယို မာနေး၊ အမ်ဘာပေ၊ မိုဒရစ်၊ နေမာ၊ ဆာလား၊ ဗင်နီးရှပ်စ် ဂျူနီယာတို့ ပါဝင်နေတာဖြစ်ပါတယ်။

စပိန်သတင်းဌာန Relevo ရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီဟာ ပဲရစ်မှာ ပေးအပ်မယ့် ဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတယ်လို့ သိရပြီး ၂၀၁၆ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တဲ့အချိန်ကတည်းက ပီအက်စ်ဂျီကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်မတိုင်ခင် တစ်ကြိမ်သာ အနိုင်ရရှိခဲ့ဖူးတာဖြစ်ပါတယ်။

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဖီဖာရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို နောက်ဆုံး ၂ ကြိမ်အထိ အနိုင်ရရှိထားပြီး လီယွန်နယ် မက်ဆီကြောင့် ဘာစီလိုနာတိုက်စစ်မှူးဟာ The Best ဟက်ထရစ်ရရှိမယ့် မျှော်လင့်ချက် မှေးမှိန်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က