ယခုနှစ် ပညာသင်နှစ်ကစလို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။

အခြေခံပညာရေးကျောင်းတွေမှာ ပိုနေတဲ့ ဆရာ၊ ဆရာတွေကို Mobile School တွေပေါ်မှာ တာဝန်ချသွားမှာလည်း ဖြစ်ပါတယ်။

credit - Myat Thant



ပညာသင်ကြားရန်ခက်ခဲပြီး နှစ်ရှည်စီမံကိန်းဆောင်ရွက်နေတဲ့ နေရာတွေနဲ့ စစ်ဘေးရှောင်ဒေသတွေမှ ကလေးတွေ ပညာသင်ကြားစေနိုင်ရန်အတွက် Mobile School များဖွင့်လှစ်ပြီး သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ယခုလာမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။

 “ဒီ Mobile School ပေါ်မှာ ပုံမှန်ကျောင်းတွေလိုပဲ စာပေသင်ကြားရေးကိရိယာတွေ ဆရာ ၊ဆရာမတွေပါမယ်၊ ဆရာ၊ ဆရာမတွေကတော့ အခု အခြေခံပညာကျောင်းတွေမှာ ပိုနေတဲ့ သူတွေကို အသုံးပြုသွားမှာ ၊ ကလေးတွေအတွက်ကလည်း အခုကျောင်းတွေမှာရတဲ့ ပညာရေးထောက်ပံ့စရိတ်တွေ၊ စာရေးကိရိယာတွေ အားလုံးအခမဲ့ဆောင်ရွက်ပေးသွားမယ်၊တခြားအဖွဲ့အစည်းတွေက ထောက်ပံ့တာတွေလည်းသူတို့ရမယ် “ လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

credit- Myat Thant

အခုလို Mobile School ပညာရေးစနစ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက ရခိုင်ပြည်နယ်မှာ တစ်နှစ်လုံးကို Mobile ယာဉ် (၃)စီးနဲ့ ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ အဓိကက စစ်ဘေးရှောင်ဒေသတွေအပြင် မိသားစုလိုက်ရွေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ ရွှေမိုင်းတွင်းတူးဖော်တဲ့ဒေသတွေ နှစ်ရှည်စီမံကိန်းဆောင်ရွက်တဲ့နေရာတွေမှာ လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။ အခုလာမယ့်နှစ်မှာတော့ နေရာစုံကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံတော်ကနေ မော်တော်ယာဉ် (၁၀)စီးထပ်မံတောင်းခံထားပြီးတော့ စုစုပေါင်း (၁၃)စီးနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က