တစ်ရက်မှ မေ့မရပဲနှစ်စဉ်အလှူဒါနပြုလုပ်နေကြဖြစ်ပါတယ်။

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင်ချစ်ချစ် ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ဖခင်ကြီး ဒါရိုက်တာဦးခင်ဇော်ကွယ်လွန်ခြင်း(၄)နှစ်ပြည့်အလှူအဖြစ် လူအယောက်၁၀၀၀စာအတွက်စတုဒီသာကျွေးမွေးခြင်းကို ဒီဇင်ဘာလ၃ရက်က တောင်ဥက္ကလာပမြို့နယ်ရှိဇာနည်(၁၀)လမ်းထဲမှာဒီဇင်ဘာလ၃ရက်ကပြုလုပ်ခဲ့ပါတယ်။ 

ဖခင်ကွယ်လွန်သွားပေမယ့်လည်းအခုချိန်ထိ လွမ်းတသသနဲ့ သတိတရရှိနေဆဲ ဖြစ်ကြောင်းကိုလည်း ပြောပြလာပါတယ်။ 

"လူများများနဲ့လှူတာတော့ဒါပထမဆုံးပဲပေ့ါနော်။ နှစ်တိုင်းနှစ်တိုင်းကတော့ အဖေ့အတွက်အမြတမ်းကုသိုလ်ဒါနတွေကတော့ အမြဲတမ်းလုပ်ပါတယ်။ လူ(၁၀၀၀)ကျော်စာလောက်ကိုအုန်းနို့ခေါက်ဆွဲကျွေးမွေးဖြစ်ပါတယ်။ ၁၀၀၀စာလောက်ချက်ပေမယ့်လည်း ကျော်သွားတော့ ၁ထောင်ကျော်စာဖြစ်သွားတာပေါ့နော်" လို့ ဖခင်အတွက်ရည်စူးပြီးပြုလုပ်တဲ့အလှူဒါနနဲ့ ပတ်သက်ပြီး သရုပ်ဆောင်လင်းဇာနည်ဇော်က ပြောပြခဲ့ပါတယ်။ 


Photo- Linn Zarni Zaw

ဖခင်ကွယ်လွန်ချိန်မှာ အနားမရှိခဲ့တဲ့ ဒါရိုက်တာမိုက်တီးကလည်းဖခင်ဖြစ်သူကို သတိရမိတဲ့အကြောင်းတွေကိုလည်းပြောပြလာပါတယ်။ 

"ကိုမိုက်ကတော့ ပိုပြီးသတိရတာပေါ့။ အဖေဆုံးတဲ့အချိန်မှာ ကိုမိုက်က နေအိမ်မှာမရှိလိုက်ဘူးလေ။ အဲဒါကတော့ ရင်ထဲမှာနာစရာလေးတစ်ခုပေါ့။ဒါပေမယ့်အဖေကရောဂါနဲ့သူလဲနေတဲ့အချိန်မှာညီမနှစ်ယောက်ကအရမ်းပြုစုရတယ်။ ကိုမိုက်တို့လည်းပြုစုခွင့်ရခဲ့တယ်။ ၁၀နှစ်လောက်ပြုစုခွင့်ရခဲ့တယ်။ အဲဒီအတွက်ကိုတော့ဖြေသာပါတယ်။အဖေလည်းကုသိုလ်ကောင်းမှုတွေရရှိမှာပါ" ဆိုပြီး ဒါရိုက်တာမိုက်တီးက ပြောပြခဲ့ပါတယ်။ 


Photo- Linn Zarni Zaw

ဖခင်ကိုအနီးကပ်စောင့်ရှောက်ခွင့်ရခဲ့ကြတဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ကလည်း " အစ်မကအဖေ့ကို၄နှစ်ပြည့်မှ မဟုတ်ပဲ နေ့တိုင်းသတိရတယ်။ အဖေ့ရဲ့အုတ်ဂူကိုတစ်လတစ်ခါတော့ပုံမှန်ရောက်အောင်သွားတယ်" ဆိုပြီး ပြောပြလာပါတယ်။ 

ဒါရိုက်တာခင်ဇော်က မိသားစုကိုအရမ်းချစ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး သားသမီးတွေကိုလည်း ပညာအမွေ၊ ဉာဏ်ရည်အမွေတွေကို ပေးခဲ့ပြီး သားသမီးတွေကိုအရမ်းချစ်တဲ့ ဖခင်တစ်ဦးဖြစ်ကြောင်းကိုလည်းပြောပြလာပါတယ်။ 

"ရုပ်ရှင်ပညာကိုလည်း တို့တတွေမောင်နှမတွေအကုန်လုံးကို အဖေကပဲပေးခဲ့ရတာ။ လူမှန်ဖြစ်အောင် စိတ်နေစိတ်ထားကအစ ဒါရိုက်တာပညာ၊ သရုပ်ဆောင်ပညာ အကုန်လုံးကိုအမွေပေးခဲ့လို့ တို့မောင်နှမတွေ အဆင်ပြေခဲ့ရတယ်ပေါ့။ သားသမီးတွေကိုလည်းအရမ်းချစ်တဲ့ ဖခင်တစ်ဦးပါ" ဆိုပြီး ဒါရိုက်တာခင်ဇော်ရဲ့အချစ်ဆုံးသားဖြစ်တဲ့ ဒါရိုက်တာမိုက်တီးက ဖခင်အကြောင်းကိုပြောပြလာပါတယ်။ 

ယနေ့ဒီဇင်ဘာ၃ရက်နေ့မှာကွယ်လွန်သွားတာ(၄)နှစ်ပြည့်သွားတာဖြစ်တဲ့ ဒါရိုက်တာခင်ဇော်အတွက်ရည်းစူးပြီး မိသားစုဝင်များက အုန်းနို့ခေါက်ဆွဲ စတုဒိသာအလှူကို လူအယောက်(၁၀၀၀)ကျော်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ '


ဒါရိုက်တာခင်ဇော်ကတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃)ရက်ကလူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့တာပါ။ 

 လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်ဟာ တစ်ချိန်တုန်းက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချော တွေဖြစ်ကြပါတယ်။ အခုချိန်မှာတော့ သရုပ်ဆောင်လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ဟာ ရွှေ" လို့အမည်ပေးထားတဲ့ ရွှေတောင်ခေါက်ဆွဲလုပ်ငန်းကိုအတူတကွလုပ်ကိုင်နေကြပါတယ်။ 


Share

Loading Next Article...
က္က