ဖခင်ကြီးဈာပနအတွက် ကူညီပေးသူတွေကို ကျေးဇူးတင်စကားဆိုထားပါသေးတယ်။

သရုပ်ဆောင် ရဲမင်းပိုင်ရဲ့ ဖခင်ကြီး သရုပ်ဆောင် ဦးဌေးဝင်းဟာ ဒီဇင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ဒီနေ့(ဒီဇင်ဘာ၁၁ရက်) နေ့လည်(၁၂)နာရီမှာ ရေဝေးသုဿန်တွင် မီးသဂြိုလ်မှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ရဲမင်းပိုင်ရဲ့ ဖခင်ကြီး သရုပ်ဆောင် ဦးဌေးဝင်းဟာ ဒီဇင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဖခင်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ရဲမင်းပိုင်တစ်ယောက်အနားမှာ ရှိမနေခဲ့နိုင်ပါဘူး။ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးမှာ သူအနားမှာ ရှိချင်ပေမယ့်လည်း အခက်အခဲတချို့ကြောင့် မြန်မာနိုင်ငံကို ပြန်လာဖို့ အဆင်မပြေ ဖြစ်လို့နေပါတယ်။

သူမရှိပေမယ့်လည်း ဖခင်ကြီးရဲ့ နောက်ဆုံး ခရီးအတွက် ကူညီပေးသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ရဲမင်းပိုင်က ပြောထားပါတယ်။

"ကျွန်တော့ ဖခင်ကြီး ဈာပနကို ဝိုင်ဝန်းပံ့ပိုးကူညီကြသော ၂၉လမ်း အထက်လမ်း မှကျေးဇူးရှင်မိသားစုဝင်အပေါင်း မိတ်ဆွေသူငယ်ချင်းများ ဖခင်ကြီး အသက်ရှိစဉ်ကာလတုန်းကလမ်းပေါ်လျှောက်သွားသည့်အခါ လက်ဖက်ရည်ကအစ ဒါနပြ ုကျွေးမွေး ကြသောကျေးဇူးရှင်များ အားလုံးကို ကျနော် အထူးထာဝရကျေးဇူးတင်ပါတယ်အထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ဒီဇင်ဘာ(၁၁) ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

ရဲမင်းပိုင်ရဲ့ ဖခင်ကြီး သရုပ်ဟောင်း ဦးဌေးဝင်းရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစုဝင်များနဲ့ မိတ်ဆွေ၊ သူငယ်ချင်းများက ဒီနေ့ နေ့လည်(၁၂)နာရီမှာ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ရဲမင်းပိုင်ဟာ လက်ရှိမှာ မိသားစုဝင်တွေ ရှိတဲ့ အမေရိကကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရဲမင်းပိုင် ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပြန်ရောက် လာ တဲ့ အချိန်မှာလည်း ရဲမင်းပိုင် ပြန်လာပြီဆိုတဲ့ ဇာတ်တလမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် အေးမြတ်သူနဲ့ အတူ စိန်ခေါ်တဲ့ စိတ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားပါသေးတယ်။သရုပ်ဆောင်ရဲမင်းပိုင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေနဲ့ရော၊ ပရိသတ်တွေနဲ့ပါ အဆက်အသွယ် ဝေးနေခဲ့တာ ကြာပါပြီ။

သူ့ ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

Share

Loading Next Article...
က္က