ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ပါကစ္စတန်ရဲအရာရှိတစ်ဦးက ပြောပါတယ်

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စက်မှုဇုန်အတွင်းရှိ ဘဏ်ခွဲတစ်ခုမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အခြား ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: EPA)

ပါကစ္စတန်အခြေစိုက် Habib Bank Limited ရဲ့ ဘဏ်ခွဲတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဂက်စ်ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း အကြီးတန်း ပါကစ္စတန်ရဲအရာရှိ Sarfaraz Nawaz က သတင်းထောက်တွေကို ပြောပါတယ်။ ဘဏ်ခွဲအဆောက်အအုံမှာ မိလ္လာမြောင်းတစ်ခု တည်ဆောက်နေခဲ့ပုံရတယ်လို့ ၎င်းကဆိုပါတယ်။



"ကျွန်တော်တို့ရဲ့ ပေါက်ကွဲမှုဆိုင်ရာ ကျွမ်းကျင်အဖွဲ့က ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်၊ ဒါပေမဲ့ လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေပြီး ဂက်စ်ယိုစိမ့်တာက ပေါက်ကွဲမှုအကြောင်းရင်း ဖြစ်နိုင်ခြေရှိပါတယ်" လို့ Sarfaraz Nawaz က ပြောပါတယ်။

(Photo: Reuters)

ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေရှိခဲ့ကြောင်းနဲ့ ဘဏ်ခွဲအဆောက်အအုံ ပျက်စီးသွားကြောင်း Habib ဘဏ်က Twitter မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် Sindh Industrial Trading Estate စက်မှုဇုန်အတွင်း ဘဏ်ခွဲအဆောက်အအုံဘေးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်နဲ့ အနီးအနားမှာ ရပ်ထားတဲ့ကားတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင်ပြသမှုအရ ဘဏ်ခွဲရဲ့ကြမ်းခင်း ပြိုကျသွားပြီး သံချောင်းများ တွန့်လိမ်နေတာ တွေ့ရတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ "လူ ၁၅ ယောက် သေဆုံးပြီး ၁၆ ယောက်ကို ဆေးရုံပို့ထားပါတယ်" လို့ ကရာချိအုပ်ချုပ်ရေးမှူး Murtaza Wahab က Twitter မှာ ပြောခဲ့ပါတယ်။ ရဲအရာရှိတစ်ဦးဖြစ်တဲ့ Sharjeel Kharal ကတော့ ပေါက်ကွဲမှုအတွင်း မည်မျှ သေဆုံးဒဏ်ရာရကြောင်း လတ်တလော အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က