မန်စီးတီးတို့ အိမ်ကွင်းမှာ သရေကစားပြီး ကွာတားတက်သွားတာပါ။

မန်စီးတီးတို့ ပထမအကျော့က အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် ဒီပွဲကို ဖိအားကင်းကင်းနဲ့ ကစားခွင့်ရခဲ့ပါတယ်။ နောက်တန်းမှာ ဒဏ်ရာနဲ့ပွဲပယ်ပြဿနာတွေရှိနေပေမယ့် တပွဲလုံး အသာစီးယူပြီး စပို့တင်းကို သက်သောင့်သက်သာနဲ့ပဲ ကစားခဲ့ပါတယ်။



ဒီပွဲမှာ မန်စီးတီးနောက်တန်းက ရယ်လီ၊ စတုန်းစ်၊ လာပေါ့တ်၊ ဇင်ချန်ကိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ဖာနန်ဒင်ဟို၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ပါတယ်။ တိုက်စစ်မှာတော့ ဂျေးဆု၊ ဖိုဒန်၊ စတာလင်တို့ပါဝင်ခဲ့ပြီး ဒီဘရိုင်း၊ ဂရီလစ်ရှ်၊ မာရက်ဇ်၊ ရိုဒရီတို့ကို အနားပေးခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းကတော့ ဆလီမန်နီ၊ ဆာရာဘီးယား၊ ပေါ်လင်ဟိုနဲ့ ကိုအာတက်စ်တို့ကို အမာခံထားပြီး အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ခဲ့ပါတယ်။ မန်စီးတီးကတော့ တပွဲလုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပဲ စပို့တင်းလစ္စဘွန်းကို ဖိအားပေးကစားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ ဂိုးမရရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ ဂျေးဆုတဂိုးသွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရပါတယ်။ မန်စီးတီးအတွက် လတ်တလော အရေးကြီးဆုံးက ပရီးမီးယားလိဂ်ဖြစ်သွားခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်လို ပွဲမျိုးမှာ ဖိအားကင်းကင်းနဲ့ ကစားခွင့်ရခဲ့တာလည်း အကျိုးရှိစေပါတယ်။

ဒုတိယပိုင်းမှာ မာရက်ဇ်၊ မက်အတီတို့ ဝင်ကစားခဲ့ပြီး ပွဲကိုတဖက်သတ်ပဲ စီးထားခဲ့ပေမယ့် သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရဘဲ ပထမအကျော့က ရလဒ် ၅-၀ ဂိုးနဲ့ပဲ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ 

Share

က္က