အသင်းရဲ့ ပံ့ပိုးမှုတွေကို အားမရတာကြောင့်လို့ ဆိုပါတယ်။

PSV နည်းပြ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ တရာသီအတွင်း အသင်းကို ဆုဖလားနှစ်လုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ရာထူးက နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ သူက အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဟော်လန်စူပါဖလားနဲ့ လိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ကာ အမှတ်ပေးဇယားမှာလည်း အဆင့် ၂ နေရာရအောင် ပို့ဆောင်ထားပေးကာ အယ်လ်ခမာနဲ့ ကစားရမယ့် လိဂ်နောက်ဆုံးပွဲမတိုင်ခင် လမ်းခွဲခဲ့တာဖြစ်ပါတယ်။ 

ဟော်လန်ကလပ်ကလည်း ဒီသတင်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မနက်မှာ နစ္စတယ်ရွိုင်းက အသင်းကနေ ထွက်ခွာခဲံပြီး ဆွေးနွေးမှုတွေ အများအပြားလုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ နစ္စတယ်ရွိုင်း နုတ်ထွက်ရတဲ့ အဓိကအကြောင်းရင်းကတော့ သူ့အသင်းကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်ပ​ေးခဲ့တာကြောင့်လို့ သိရပါတယ်။ 

နစ္စတယ်ရွိုင်းက သူ့ရဲ့ အမြင်တွေကို ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေကို ချက်ချင်းရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။ အယ်လ်ခမာနဲ့ပွဲကိုတော့ အသင်းဘက်က မေတ္တာရပ်ခံချက်အရ သူက ကိုင်တွယ်ပေးသွားမယ်လို့သိရကာ အဆင့် ၂ နဲ့ ရာသီကုန်ဆုံးနိုင်ဖို့ကို နှစ်ဖက်စလုံးက အာရုံစိုက်ထားတယ်လို့လည်း Goal က ဖော်ပြခဲ့ပါတယ်။ 

ဟော်လန်တိုက်စစ်မှူးဟောင်းဟာ ကစားသမားဘ၀မှာလည်း အောင်မြင်ကျော်ကြားခဲ့ပြီး နည်းပြဘ၀ ပွဲဦးထွက်ရာသီမှာလည်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ အခုလို နုတ်ထွက်ခဲ့ပြီးနောက် ဘယ်အသင်းကို ကိုင်တွယ်မလဲဆိုတာ မသိရသေးပေမယ့် သူ့ရဲ့ ဒီရာသီစွမ်းဆောင်ရည်ကတော့ နည်းပြလက်မဲ့ဖြစ်နေတဲ့ အသင်းတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

Share

Loading Next Article...
က္က