တကယ်ကို များပြားလှတဲ့ ဆုကြေးငွေတွေ ပိုင်ဆိုင်မှာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလား ၃ လုံး တပြိုင်နက်တည်းဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း ၃၀၀ အထိ ဆုကြေးရရှိမယ်လို့ သိရပါတယ်။ သမိုင်းဝင်အောင်မြင်မှုနဲ့အတူ မန်စီးတီးက များပြားလှတဲ့ ဆုကြေးငွေကို ခံစားရမှာဖြစ်ပြီး ဒီအတွက်လည်း လက်တကမ်းအကွာမှာ ရှိနေပါတယ်။ 

လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တို့ကို ရောက်ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို ကျော်ဖြတ်ရမှာကသာ သူတို့အတွက် အဓိကအတားအဆီးဖြစ်နေပြီး ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ဆုဖလား ၃ လုံးဆွတ်ခူးနိုင်ဖို့ သေချာသလောက်ရှိလာမှာပါ။ 

ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးက အာဆင်နယ်နဲ့ ပြိုင်ဆိုင်နေရပြီး ၄ မှတ်ကွာအနေအထားမှာရှိနေကာ ပွဲအရေအတွက်ကလည်း လျော့နည်းနေလိ အခြေအနေကောင်းမွန်နေပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာဖြစ်ကာ လက်ရှိခြေစွမ်းအရ သူတို့သာ အနိုင်ရမယ်လို့ အားလုံးက ယူဆထားကြပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ကိုသာ သူတို့က ပိုမိုအားစိုက်ရမှာဖြစ်ပြီး ရီးရဲလ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် တဖက်က ဗိုလ်လုပွဲတက်လာမယ့် အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာမို့ ဆုဖလားရယူနိုင်ဖို့ အခွင့်အလမ်းက သာလွန်နေပါတယ်။ 

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားတွက် ဆုကြေးငွေ ပေါင် ၁၆၄ သန်း၊ အက်ဖ်အေဖလားအတွက် ပေါင် ၃.၉ သန်း၊ ချန်ပီယံလိဂ်အတွက် ပေါင် ၁၁၇ သန်းအထိ ဆုကြေးရရှိမယ်လို့ ဆိုပါတယ်။ စုစုပေါင်း ပေါင် ၂၈၅ သန်းအထိ ရရှိမှာဖြစ်ကာ မက်မောလောက်စရာအဖြစ် ရှိနေပြီး သူတို့အသင်းအတွက် ဒါက တွန်းအားတခုအဖြစ်နဲ့လည်း ရှိနေပါတယ်။ 

အင်္ဂလန်မှာတေ့ာ တရာသီအတွင်း အဓိကဆုဖလား ၃ လုံးကို ရယူထားနိုင်တဲ့ တခုတည်းသောအသင်းအဖြစ်က မန်ချက်စတာယူနိုက်တက်သာ ရှိပါတယ်။ မန်စီးတီးသာ ဒီရာသီမှာ အောင်မြင်ခဲ့မယ်ဆိုရင် ဒီစံချိန်မှတ်တမ်းကို လိုက်မီနိုင်မှာဖြစ်ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆုဖလားကိုလည်း ဆွတ်ခူးနိုင်မှု ဖြစ်လာမှာပါ။ 

Share

Loading Next Article...
က္က