ယူနိုက်တက် နဲ့ အင်တာမီလန်တို့ကို သတိပေးလိုက်တာပါ။

 မန်ချက်စတာစီးတီးတိုက်စစ်မှူးဟာလန်းက ဒီရာသီမှာ ဖလားသုံးလုံးတပြိုင်နက်တည်းရရှိအောင် လုပ်နိုင်တာအားလုံးကို လုပ်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ရရှိထားပြီးဖြစ်တဲ့ မန်စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို အနိုင်ရမယ်ဆိုရင် ဖလားသုံးလုံံးဆွတ်ခူးနိုင်မှာပါ။ ယူနိုက်တက်နဲ့ မနက်ဖြန်မှာ အက်ဖ်အေဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၁၁ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။ 

အင်္ဂလန်မှာ ဖလားသုံးလုံးတပြိုင်နက်တည်းဆွတ်ခူးမှုကို မန်ချက်စတာယူနိုက်တက်တသင်းတည်းကသာ စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါစံချိန်ကို လိုက်မီဖို့အတွက် မန်စီးတီးက အားခဲထားသလို ယူနိုက်တက်ကလည်း သူတို့တသင်းတည်းသာရရှိထားတဲ့ စံချိန်ကို မြို့ခံပြိုင်ဘက်မရရှိအောင် တားဆီးဖို့အတွက် ပြင်ဆင်ထားပါတယ်။ 

ဟာလန်းက "အဲဒါက မယုံနိုင်စရာကောင်းတဲ့ သမိုင်းကို ဖန်တီးနိုင်မှာပါ၊ သူတို့ ဘာကြောင့် ကျနော့်ကိုခေါ်ယူခဲ့တာလဲဆိုတော့ အဲဒါကြောင့်ပါပဲ၊ ဒီလိုတွေဖြစ်ဖို့ပါ၊ ဒါကို ဖုံးကွယ်ထားစရာမရှိပါဘူး၊ ပြီးတော့ ကျနော့်ရဲ့ အကြီးမားဆုံးအိပ်မက်လည်းဖြစ်ပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်"

"ဒီလိုတွေဖြစ်လာဖို့အတွက် ကျနော်လုပ်နိုင်သမျှ အရာတိုင်းကို လုပ်သွားမှာပါ၊ ကြိုးစားသွားမှာပါ၊ ဒါပေမယ့် လွယ်တော့မလွယ်ကူပါဘူး၊ ဖိုင်နယ်နှစ်ပွဲကစားရမှာက အသင်းကောင်းနှစ်သင်းနဲ့ပါ၊ သူတို့ကလည်း ကျနော်တို့ကို ဖျက်ဆီးဖို့ ကြိုးစားမှာပဲ၊ သူတို့အတွက် အဲဒါက စိတ်ခွန်အားပါ၊ ကျနော်တို့ကို အကောင်းဆုံးရင်ဆိုင်ဖို့ သူတို့ ကြိုးစားမှာပဲ၊ ကျနော်တို့ကလည်း အသင့်ဖြစ်နေပါပြီ" လို့ ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။ 

ဟာလန်းကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူပေးခဲ့ကာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ တနှစ်တာအကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆုတွေကိုပါ ဆွတ်ခူးထားပါတယ်။ 


Share

Loading Next Article...
က္က