ဒီရာသီကုန်ထိ ပီအက်စ်ဂျီမှာဆက်ရှိနေမယ်လို့ ကတိပေးလိုက်ပါတယ်။

လာမယ့်ဇန်နဝါရီမှာ သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီက ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့အတူ ဆုဖလား ၃ လုံးတပြိုင်နက်တည်းဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားပြီး အပြည့်အ၀အာရုံစိုက်ကာ ဒီရာသီမှာ ပြင်သစ်ကလပ်ကစားသမားအဖြစ် သူ ရှိနေမယ်လို့ အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။ 

ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို အသည်းအသန်အလိုရှိနေတာဖြစ်ပါတယ်။ ဩဂုတ်လအတွင်းမှာ ရီးရဲလ်က ပေါင် ၁၅၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ငြင်းဆန်ခဲ့ပြီး သူတို့ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေခဲ့ရာမှာ လက်ရှိအချိန်ထိ အောင်မြင်မှုမရသေးတာလည်းဖြစ်ပါတယ်။ 

CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘတ်ပီက "ကျနော်က ပီအက်စ်ဂျီမှာပါ၊ ဒီရာသီကုန်ထိ ရာနှုန်းပြည့် ပီအက်စ်ဂျီကစားသမားဖြစ်နေမှာပါ၊ ချန်ပီယံလိဂ်ဖလားရယူဖို့ ကျနော်အားလုံးပေးဆပ်သွားမှာပါ၊ အမှတ်ပေးဖလားရော၊ လိဂ်ဖလားရောပေါ့၊ ပရိသတ်တွေက အဲဒါတွေနဲ့ ထိုက်တန်ပါတယ်၊ ကျနော်လည်း ပီအက်စ်ဂျီနဲ့အတူ ကြီးမားတဲ့ဆုဖလားတွေရယူနိုင်ဖို့သင့်တယ်လို့ ထင်မိပါတယ်"

"ဇန်နဝါရီမှာ ရီးရဲလ်ကို လုံး၀မပြောင်းရွှေ့ပါဘူး၊ ဖြစ်လာမှာမဟုတ်ပါဘူး၊ စာချုပ်သက်တမ်းက ၆ လပဲ ကျန်တော့ပေမယ့် ကွင်းထဲမှာ အာရုံအပြည့်စိုက်သွားမှာပါ၊ စာချုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှာလည်းဖြစ်ပြီး အခုချိန်မှာ အဲဒါက ဦးစားပေးကိစ္စတော့မဟုတ်သေးပါဘူး" လို့ ဘတ်ပီက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


ပီအက်စ်ဂျိအနေနဲ့ ရာသီမကုန်ခင် သူတို့ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ လိုအပ်နေပြီး မချုပ်ဆိုနိုင်ခဲ့ပါက အလွတ်ပြောင်းရွှေ့ခွင့်ပေးရမှာလည်းဖြစ်ပါတယ်။ 

Share

က္က