ရော်နယ်ဒိုကတော့ ဖလားလက်မဲ့မဖြစ်ဖို့ ရုန်းကန်ရဦးမှာပါ။

မနေ့ညက အယ်လ်ဟီလယ်တို့ ဆော်ဒီပရိုလိဂ်ပွဲမှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားတဲ့နောက် (၃) ပွဲကစားဖို့ ကျန်ရှိချိန်မှာ ဒုတိယနေရာက အယ်လ်နာဆာကို (၁၂) မှတ်ဖြတ်ပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ အယ်လ်ဟီလယ်ကတော့ သူတို့ရဲ့ထုံးစံအတိုင်း ဆော်ဒီပရိုလိဂ်ကို ဆက်လက် လွှမ်းမိုးနိုင်ခဲ့တာပါ။



ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအတွက်ကတော့ အယ်လ်ဟီလယ်ရဲ့ လွှမ်းမိုးမှုကို ချေဖျက်နိုင်ခြင်းမရှိသေးပါဘူး။ ဆော်ဒီမြေမှာ အယ်လ်ဟီလယ်က ဖလားစုံ ပတ်သိမ်းနေတဲ့ အသင်းဖြစ်ပြီး ဒီရာသီမှာလည်း အခု ဆော်ဒီအမှတ်ပေးချန်ပီယံဆု၊ ဆော်ဒီစူပါဖလားတို့ကို ဆွတ်ခူးခဲ့ပြီးပါပြီ။

ဒါ့အပြင် ဆော်ဒီ ဘုရင့်ဖလားမှာလည်း ဗိုလ်လုပွဲကို တက်ရောက်ထားပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့်အသင်းက အယ်လ်နာဆာဖြစ်ပြီး ဒီနှစ်သင်းက ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာလည်း ထိပ်တိုက်တွေ့ခဲ့ကြသေးတာပါ။

အဲ့ဒီအချိန်တုန်းကလည်း အယ်လ်ဟီလယ်ကပဲ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုချိန်မှာလည်း အယ်လ်ဟီလယ်တို့ အယ်လ်နာဆာကို အမှတ်ဖြတ် ဗိုလ်စွဲခဲ့ပြီး အယ်လ်နာဆာတို့ နောက်ထပ် ဖလားလက်မဲ့ရာသီကို မဖြတ်သန်းရဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက်တော့ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့ အခြေအနေကောင်းနေသည့်တိုင် အသင်းလိုက် ဆုဖလားမရရှိတာက သူ့အတွက် ခံရခက်စရာဖြစ်ပါတယ်။ ဖလားတစ်လုံးလောက်တော့ ရချင်တယ်ဆိုရင်တော့ အယ်လ်နာဆာတို့ လာမယ့် ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ အယ်လ်ဟီလယ်ကို အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က